Showing posts with label Photo Records. Show all posts
Showing posts with label Photo Records. Show all posts
Tuesday, January 4, 2011
Friday, August 13, 2010
(၂၂)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ(တိုကျို)
ရက်စွဲ။ ။ ၈.၈.၂၀၁၀
(၂၂)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ဦးစီး၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် NGOအဖွဲ့များ ၊ ဂျပန်အလုပ်သမားသမဂ္ဂများနှင့် ဂျပန်လူမျိုးများ တို့လည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။
အခမ်းအနားကို Gotanta ပန်းခြံမှာ နေ့လည်(၂)နာရီကျော်မှာ စတင်ကျင်းပ ပြုလုပ်ပြီး ရှစ်လေးလုံး
ဒီမိုကရေစီ အရေးတော်ပုံ လူထုအုံကြွမှုမှာ စွန့်လွတ်စွန့်စား အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည် သူရဲကေါင်းအပေါင်းတို့ကို အလေးပြုခြင်း၊မိမိတို့၏ နိုင်ငံရေး ယုံကြည်ချက်များကြောင့် နေအိမ်များ၊အကျဉ်းထောင်များအတွင်း မတရား ဖမ်းဆီးခံနေကြရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးတို့ကို ဦးညွတ်ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ထိုနောက် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ချုပ်(IBMO)ဌာနခွဲ ရုံးခန်းတာဝန်ခံ ဆရာတော် ဦးဓမ္မဇောတိမှ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ် အဖွင့်အမှာစကား ပြောကြားပြီးသည့်နောက် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့ အစည်းအသီးသီး တာဝန်ရှိသူများတို့မှ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးသည့် ဒီမိုကရေစီ အဆုံးသတ် တိုက်ပွဲကြီးကို ဆင်နွဲကြဖို့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ မဆလ တပါတီ အာဏာရှင်စနစ်ကို ဖျက်သိမ်း အဆုံးသတ် နိုင်ခဲ့ပေမဲ့ အာဏာရှင်စနစ်၏ ဖိနှိပ်ရက်စက်မှုအောက်တွင် ယနေ့ချိန်ထိ ဆက်လက် တိုက်ပွဲဝင် နေကြရဆဲ ဖြစ်ကြောင်း ရှစ်လေးလုံး အရေးတော်ပုံ စိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင် ဆင်နွဲကြဖို့ တိုက်တွန်း ပြောကြား သွားခဲ့ကြပါသည်။
နေ့လည် (၂း၃၀)နာရီ တိတိတွင် ပန်းခြံကနေ စတင်ထွက်ခွါပြီး ဂျပန်နိုင်ငံရဲ့ လူစည်ကားရာ မြို့ လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်းတလျှောက်တွင်လဲ တရားမျှတမှု မရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ “အလိုမရှိ”၊နအဖ ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ “အလိုမရှိ”၊ မတရား အဖမ်းဆီခံ ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေးအကျဉ်းသားများ “ချက်ချင်းလွတ်”ရှစ်လေးလုံး စိတ်ဓါတ်နဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်ပြစ် စသည့်ကြွေးကြော်သံများဖြစ် ချီတက်လာခဲ့ကြပြီး ချီတက် ဆန္ဒပြရာ လမ်းဘေးဝဲရာ လမ်းတလျှောက်တွင်လည်း ဂျပန်ပြည်သူများက အားပေးကြသည်ကို တွေ့ ရပါသည်။
ဆက်လက်ပြီး Shinagawa အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလုံဝ လက်မခံ ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် မတရား အဖမ်းဆီးနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံလွတ်ပေးရန် ထည့်သွင်းတောင်းဆိုသည့် ထုတ်ပြန်ကြေငြာချက် တစောင်ကို သံရုံးသို့ ပေးပို့ခဲ့ကြပါသည်။ မြန်မာစစ်အခွန်ရုံး(သံရုံး) ရှေ့ဖြတ်သန်းကာ အနီးရှိ ပန်းခြံတွင် အဆုံးသတ်ခဲ့ပါသည်။
ကျင်းပရေးကော်မတီ ကိုယ်စား အခမ်းနားမှူး မှ ချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများကို ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ချီတက်ဆန္ဒပြပွဲ ကျင်းပနေပုံကို တိုက်ရိုက် ရုပ်သံအစီအစဉ်(Live Broadcast)ဖြင့် ထုတ်လွင့်ပြသခဲ့ပြီ http://www.burmacampaign.net/ Website မှ ရုပ်သံအစီအစဉ်များကို ၀င်ရောက်ကာ ကြည့်ရှုနိုင်ပါသည်။ချီတက်ဆန္ဒပြပွဲ သို့  မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာလှုပ်ရှားသူ စုစုပေါင်း အင်အား(၁၂၀၀)ခန့်  တက်ရောက်ကြောင်း သိရှိရပါသည်။
ယနေ့ (၂၂)နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ချီတက် ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန်နိုင်ငံ နာဂိုယာမြို့ နှင့် FUJI တောင်ပေါ်သို့ တက်ရောက်ကာ ဆုတောင်းသည့် အခမ်းအနားကိုပါ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် LDB မှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)
Friday, June 25, 2010
Tuesday, May 25, 2010
အနှစ်(၂၀)ပြည့် NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ်နှင့် နုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြပွဲ(တိုကျို)။
အနှစ်(၂၀)ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်းအထိမ်းအမှတ် နှင့် နအဖ စစ်အုပ်စုမှ မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦး နှင့်တိုင်းရင်းသားခေါင်းဆောင်များ ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် တောင်းဆို ချီတက်ဆန္ဒပြ အခမ်းအနားကို ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(AUN-Japan)မှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံရောက် ဒီမိုကရေစီ အင်အားစုများ နှင့် မြန်မာ့အရေးကို ကူညီ ဆောင်ရွက်ပေးကြသည့် ဂျပန်လူမျိုးများ ၊ ဂျပန်အလုပ်သမား သမဂ္ဂများတို့မှလည်း ပူးပေါင်းပါဝင် ခဲ့ကြပါသည်။
ယနေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်းမှာ နအဖစစ်အုပ်စုမှ မတရားဖမ်ဆီးခံနေရသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးခွန်ထွန်းဦ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်စေရန်အတွက် ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ပြုမည့် ၂၀၀၈ခုနှစ် အခြေခံဥပဒေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချပြီး တရားမျှတမူမရှိသော ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ရှုံ့ချကန့်ကွက်ပြီး ဇွတ်အတင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်လာပါက အသိအမှတ်မပြုပေးဖို့နှင့် နအဖစစ်အုပ်စုအား ဂျပန်အစိုးရအနေဖြင့် ထိထိရောက်ရောက် ဖိအားပေးတိုက်တွန်း တောင်းဆိုပေးရန်အတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်သည်ဟု AUN-Japan ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။
တိုကျိုမြို့ Ebitsu ပန်းခြံမှာ မွန်းလွဲ(၂း၀၀)နာရီမှ အခမ်းအနား စတင်ကျင်းပပြုလုပ်ပြီး နိုင်ငံတော် အလံတော်အား အလေးပြုခြင်း၊ အနှစ်(၂၀)ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ခြင်းအထိမ်းအမှတ် NLD အလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒိမိုကရေစီ တိုက်ပွဲဝင် အာဇာနည် သူရဲကေါင်းအပေါင်းတို့ ကို ဆုတောင်း မေတ္တာပို့ သပြီးသည့်နောက် ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ မြန်မာ့အရေး အကူအညီပေးသည့် ဂျပန်အဖွဲ့အစည်း တာဝန်ရှိသူများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစု အဖွဲ့အစည်းအသီးသီးမှ အမှာစကားပြောကြားပြီးနောက် မွန်းလွဲ (၂း၃၀)နာရီ တိတိမှာ ပန်းခြံမှ စတင်ထွက်ခွါ ခဲ့ပါသည်။
ဂျပန်နိုင်ငံရဲ့လူစည်ကားရာ မြို့လည် လမ်းမကြီးများအတိုင်း ချီတက်လာကြပြီး ချီတက်သွားရာ လမ်း တလျှောက်တွင်လည်း နအဖစစ်အာဏာရှင်တို့မှ တိုင်းရင်းသား လူနည်းစုများကို မျိုးဖြုတ်သတ်ဖြတ်မူများ တိုင်းရင်းသားလူမျိုးစုများတို့၏ ဘာသာ စာပေ ယဉ်ကျေးမှုအမွေအနှစ် ဖျောက်ဖျက်သည့် နအဖ စစ်အစိုးရ၏ လုပ်ရပ်များကို ဂျပန်ပြည်သူများ သိရှိလာစေရန်အတွက် ဂျပန်ဘာသာဖြင့် ပြောကြားသွားခဲ့ပါသည်။ AUN-Japan၏ သဘောထားကြေခြာချက် နှင့် လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ပါသည်။
၁ နာရီ ၃၀ မိနစ် ကြာခန့် ချီတက်လာခဲ့ကြပြီး Sandagaya ဘူတာအနီးရှိ Megi ပန်းခြံတွင် အဆုံးသတ်ကာ ကျင်းပရေးကော်မတီ ကိုယ်စား မိုင်ကျော်ဦး မှချီတက် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည့် ဒီမိုကရေစီ အင်အားစုများတို့ကို ကျေးဇူးတင်စကား ပြောကြားပြီးသည့်နောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။ ချီတက်ဆန္ဒပြပွဲတွင် မိုးထဲရေထဲ၌ ဂျပန်ရောက်ဒီမိုကရေစီအင်အားစုများ(၃၅၀)ကျော်ခန့်  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum (CNC-Japan)
Wednesday, May 5, 2010
AUN-Japan လပတ်အစည်းဝေး နှင့် ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲ နှင့် တွေ့ ဆုံပွဲ ။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)AUN-Japan မှ ဧပြီလ ပုံမှန်လပတ် အစည်းအဝေးကိုToshima ku Minami Otsuka ၌ ဧပြီလ ၂၅ ရက်နေ့ တွင် ညနေ ၁၈း၃၀ နာရီ မှ ၂၁း၃၀ အထိ နှစ်ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမပိုင်းအစီစဉ်မှာ လစဉ် လုပ်ငန်း အစီအစဉ်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီးသည်နောက် (၆၃)နှစ်မြောက် ပြည်ထောင်စု အခမ်းအနားတွင် လူအား၊ ငွေအား ဖြစ် ပူးပေါင်းပါဝင်ကူညီခဲ့ကြသော AUN-Japan အဖွဲ့ ဝင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများကို ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ ပေးအပ်ချီးမြှင့်ခဲ့ပါငည်။
ဒုတိယပိုင်း အစီအစဉ်၌ ဂျပန်နိုင်ငံသို့  ခေတ္တရောက်ရှိလာသော ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ မှ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အကျပ်အတည်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားဒေသ အသီးသီးတို့ ၌ အနှစ် ၂၀ ကျော်အတွင်း ဖြတ်သန်းခဲ့သော မိမိဘ၀ အတွေ့ အကြုံများကိုပါ ရှင်းလင်း ပြောကြားသွားခဲ့ပါသည်။ အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းဝေးကို ည ၂၁း၃၀ နာရီတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
မှတ်တမ်း ဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)
Saturday, April 10, 2010
ဦးခွန်ထွန်းဦး၊ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲ(တိုကျို)။
ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို တိုကျို Shibuya အရပ်ရှိ UN ရုံးရှေ့ မှာ AUN-Japan , SND-Japan , SSND-Japan ပူးပေါင်း၍ ညနေ ၃း၀၀ နာရီ မှ ၄း၀၀နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့  တွင် နအဖ စစ်အုပ်စု မှ မတရားသော တရားစီရင်မူဖြစ် ထောင်ဒဏ်နှစ်ရှည် ချမှတ် ထားခြင်းခံရသော ဦးခွန်ထွန်းဦး နှင့် တိုင်းရင်းသား ခေါင်းဆောင်များ စတင်ဖမ်းဆီးခံရသည့် လစဉ် (၉) ရက်နေ့  တွင် တိုင်းရင်းသား ခေါင်းဆောင်များ ၊နိုင်ငံရေး အကျဉ်းသားများအားလုံး ကျမ္မာစေဖိုနှင့် အမြန်ဆုံး လွတ်မြောက်ရန် အတွက် တောင်းဆို ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲအခမ်းအနားတွင် ဦးခွန်ထွန်းဦး ၏ တူမ တော်စပ်သူ နန်းယိင်းယိင်းမိုး မှ ဦးခွန်ထွန်းဦးရဲ ကိုယ်ရေးအကျဉ်းချုပ်ကို ရှင်းလင်းပြောကြားသွားပြီးသည့်နောက် ပူးပေါင်းပါဝင်ခဲ့ကြသည့် အဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိသူများက မတရားဖိနှိပ်ခံ အများပြည်သူဘက်မှ ကိုယ်ကျိုးစွန့်  အနစ်နာခံ ထောင်တွင်းမှာ ဆက်လက်တိုက်ပွဲဝင် ခေါင်းဆောင်များတို့ ကို ဂုဏ်ပြုအမှာ စကားပြောကြားသွားခဲ့ကြပါသည်။ ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲတွင် အင်အား စုစုပေါင်း ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)
Tuesday, February 9, 2010
(၆၃)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနား(တိုကျို)။
Photo by : Lian Khan Sum (CNC-Japan)
ယနေ့ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ(၇) ရက်နေ့ သည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (ဂျပန်)SND-Japan မှ (၆၃)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနားကို တိုကျို IKekukuro အရပ်ရှိ Kumin Center 6F တွင် ကျင်းပခဲ့ကြပါသည်။ သျှမ်းအမျိုးသားနေ့အခမ်းအနားကို သျှမ်းတိုင်းရင်းသားများတို့ မှ ဦးစီးကျင်းပပြုလုပ်ပြီး ဂျပန်နိုင်ငံ ရောက် ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနား အစီအစဉ်များတွင် SND-Japan ၏ နယက ဖြစ်သူ စိုင်းဆမ် မှ အဖွင့် အမှာစကား ပြောကြားပြီး သည့် နောက် SND-Japan ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ သျှမ်းအမျိုးသားနေ့ အတွက် နှုတ်ခွန်းဆက် အမှာစကား ပြောကြား သွားခဲ့ပါသည်။ ဆက်လက်ပြီး သျှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း ကို ရှင်းလင်း တင်ပြခြင်း၊ သျှမ်းပြည်နယ် အတွင်း၌ တစ်နှစ်တာ ထူးခြားသည့် သတင်းဖြစ်စဉ်များကို ဖတ်ကြား တင်ပြခြင်း၊ SND-Japan ၏ သဘောထားထုတ်ပြန်ချက်အား ဖတ်ကြားခြင်း၊ သျှမ်းပြည်နယ် တွင် လူ့ အခွင့်အရေး ချိုးဖေါက်များနှင့် လက်ရှိ ပကတိအနေ အထားများကို ပါဝါ ပွိုင့် ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ကြွရောက်လာကြသော ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များတို့ က ပင်လုံသမိုင်း အကြောင်းများ နှင့်တကွ ရှမ်း အမျိုးသားနေ့ သမိုင်း ကြောင်းဖြစ် ပေါ်လာပုံ ကို မိမိတို့ ၏အမြင်ဖြင့် ဆွေးနွေး ပြောကြားသွားခဲ့ကြပါသည်။
ဖျော်ဖြေရေးအစီအစဉ် တွင် သျှမ်းရိုးရာ သီချင်း သီဆိုခြင်း၊ သျှမ်းရိုးရာ အိုးစည်ဗုံမောင်း နှင့် တိုးနယား အက၊ သိုင်း အလှကပြခြင်း နှင့် အိုးစည်ဗုံမောင်း ၀ိုင်းပတ်အကဖြင့် စုပေါင်းကြခဲ့ကြပြီး အခမ်း အနား ကို နေ့ လည် ၁နာရီမှ စတင်ကျင်းပကာ ညနေ ၄း၃၀ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။
Friday, February 5, 2010
(၄၉)နှစ်မြောက် ကချင်တော်လှန်ရေး နေ့  အထိမ်းအမှတ်အခမ်းနားနှင့် မြစ်ဆုံရေကာတာစီမံကိန်း ရှုတ်ချကန့် ကွက်ဆန္ဒပြပွဲ အခမ်းအနား (တိုကျို)။
(၄၉)နှစ်ပြည့်မြောက် ကချင်တော်လှန်ရေးနေ့  အထိမ်းအမှတ်အခမ်းနားနှင့် မြစ်ဆုံရေကာတာစီမံကိန်းအား ရှုတ်ချကန့် ကွက်ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့  Shinagawa အရပ်ရှိ နအဖ (သံရုံး) စစ်အခွန်ရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် ကချင်အမျိုးသား အစည်းအရုံး(ဂျပန်) KNO-Japan မှဦးစီး၍ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား များတို့ မှ ပူးပေါင်းပါဝင်သည့် ဆန္ဒပြပွဲ အခမ်းအနားတရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ယနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် နှင့် ကချင်ပြည်နယ်ဒေသ အတွင်း လက်ရှိဖြစ်ပေါ် နေသော လူ့ အခွင့်အရေးချိုးဖေါက်မှုများကို KNO-Japan ၏ ဥက္ကဋ္ဌ ဦးပီတာ ဘရန်းဆိုင်းမှ ရှင်းလင်း ပြောကြားပြီးသည့်နောက် ကချင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်ကို မောင်ဘရန်မိုင်မှ ဖတ်ကြာသွားပါသည်။ထုတ်ပြန်ကြေငြာချက်၌ ကချင်တမျိုးသားလုံး၏ မူလကိုယ်ပိုင်အခွင့်အရေးနှင့် တန်းတူ အခွင့်အရေးရရှိနိုင်ရန်အတွက် တော်လှန်ရေးတွင် အသက်သွေးချွေး စတေးခဲ့ကြသော သူရဲကေါင်းများကို ဂါရ၀ ပြုထားသလို တော်လှန်ရေးခရီးမှာ ဆင်းရဲဒုက္ခမြောက်များစွာရင်ဆိုင်ခဲ့သော်လည်း အမျိုးသား လွတ်မြောက်ရေး ကို ဦးတည်ပြီး ကြိုးစားထမ်းဆောင်နေကြသော ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် (KIA) အား ဂုဏ်ပြု ကြိုဆို ထားသည်ကိုတွေ့ ရပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံတွင်းသာမက နိုင်ငံတကာတွင် ရောက်ရှိ နေကြသော ကချင်းအမျိုးသားများတို့ က တချိန်တည်းကျင်းပပြုလုပ်ခဲ့ကြသည့်ကို KNO-Japan ဒု ဥက္ကဋ္ဌ ဦးလဖိုင်ဇော်လ မှ ရှင်းပြခဲ့ပါသည်။တက်ရောက် လာခဲ့ကြသည့် အဖွဲ့ အစည်းအသီးသီးတို့ မှ တာဝန်ရှိသူ များက ကချင်ပြည်နယ်အတွင်း လူ့ အခွင့် အရေး ချိုးဖေါက်ခံနေမှု ကို အမြင်အမျိုးမျိုးဖြစ် ပြောကြားခဲ့ကြပါသည်။
ထုတ်ပြန်ကြေငြာချက်နှင့် တောင်းဆိုချက်များကို (ဂျပန်၊မြန်မာ) နှစ်ဘာသာဖြင့် နအဖ သံရုံးတာဝန်ခံသို့  လိပ်မူပြီး ပေးပို့ ခဲ့ပါသည်။ဆန္ဒပြပွဲ အခမ်းအနားကို ညနေ ၃း၀၀နာရီ မှ ၄း၀၀ အထိ ကျင်းပခဲ့ပြီး ဂျပန်ရောက် ဒီမိုကရေစီအင်အားစု(၂၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
Photo by Lian Khan Sum(CNC-Japan)
Monday, January 11, 2010
ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)
Photos by Lian Khan Sum (CNC-Japan)
“ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည် ပထမ”
“ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည် အဓိက”
နအဖ စစ်အုပ်စုသည် ဒာမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (၅)လပြည့်သွားပြီဖြစ်သည်။လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်ဦး ၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံ ရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် အလွန်ပင် အဓိကကြပါသည်။ အထူးပင် လိုအပ်ပါသည်။
ဤကဲ့သို မြန်မာ့နိုင်ငံရေးမှာ လက်ရှိနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် အဓိက အရေးပါ သော အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် ချီတက် ဆန္ဒပြ တောင်းဆိုမူတရပ်ကို ကနေ့  ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ(၁၁)ရက် နေ့ လည် ၁၄း၀၀ နာရီ မှ ၁၆း၃၀ နာရီ အထိ တိုကျိုမြို့  Episu ပန်းခြံ မှ Sandagaya(Meiji) ပန်းခြံအထိ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊တိုင်းရင်းသားအင်အားစုများ နှင့် မြန်မာ့အရေးကို ထောက်ခံအားပေးကြသော ဂျပန် အဖွဲ့ အစည်းများ NGO များ စုစုပေါင်း အင်းအား(၃၀၀) ကျော် ပါဝင်ဆန္ဒပြခဲ့ကြပါသည်။ နအဖ စစ်အုပ်စုသည် ၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာက အသိအမှတ်ပြု လက်ခံထား သည့် တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကို ယနေ့ ထိတိုင် အကောင်အထည် ဖေါ်ဆောင်ခြင်းမရှိပဲ လာမည့် ၂၀၁၀ အောက်တိုဘာလတွင် ရွေးကောက် ပွဲ ထပ်မှန်ကျင်းပပြုလုပ်မည်ကို လက္ခံယုံကြည်နိုင်ဘွယ်ရာမရှိကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများတို့ ကို အမြန်ဆုံးလွတ်ပေးပြီး တွေ့ ဆုံဆွေးနွေးရေးပြုလုပ်သွားရန် တိုက်တွန်း တောင်းဆို ဆန္ဒပြခဲ့ကြပါသည်။
“ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည် အဓိက”
နအဖ စစ်အုပ်စုသည် ဒာမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (၅)လပြည့်သွားပြီဖြစ်သည်။လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်ဦး ၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံ ရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် အလွန်ပင် အဓိကကြပါသည်။ အထူးပင် လိုအပ်ပါသည်။
ဤကဲ့သို မြန်မာ့နိုင်ငံရေးမှာ လက်ရှိနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် အဓိက အရေးပါ သော အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် ချီတက် ဆန္ဒပြ တောင်းဆိုမူတရပ်ကို ကနေ့  ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ(၁၁)ရက် နေ့ လည် ၁၄း၀၀ နာရီ မှ ၁၆း၃၀ နာရီ အထိ တိုကျိုမြို့  Episu ပန်းခြံ မှ Sandagaya(Meiji) ပန်းခြံအထိ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊တိုင်းရင်းသားအင်အားစုများ နှင့် မြန်မာ့အရေးကို ထောက်ခံအားပေးကြသော ဂျပန် အဖွဲ့ အစည်းများ NGO များ စုစုပေါင်း အင်းအား(၃၀၀) ကျော် ပါဝင်ဆန္ဒပြခဲ့ကြပါသည်။ နအဖ စစ်အုပ်စုသည် ၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာက အသိအမှတ်ပြု လက်ခံထား သည့် တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကို ယနေ့ ထိတိုင် အကောင်အထည် ဖေါ်ဆောင်ခြင်းမရှိပဲ လာမည့် ၂၀၁၀ အောက်တိုဘာလတွင် ရွေးကောက် ပွဲ ထပ်မှန်ကျင်းပပြုလုပ်မည်ကို လက္ခံယုံကြည်နိုင်ဘွယ်ရာမရှိကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများတို့ ကို အမြန်ဆုံးလွတ်ပေးပြီး တွေ့ ဆုံဆွေးနွေးရေးပြုလုပ်သွားရန် တိုက်တွန်း တောင်းဆို ဆန္ဒပြခဲ့ကြပါသည်။
Sunday, December 27, 2009
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)(၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား(တိုကျို)
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)AUN-Japan၏ (၆)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့  တာကါဒါနိုဘာဘာ ရှိ Seikatsu Center ၌ ညနေ ၁၈း၃၀ နာရီ မှ ၂၁း၀၀နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံ အခမ်းအနား၏ သဘာပတိများအဖြစ် AUN-Japan ဥက္ကဋ္ဌ ဦးဇော်မင်းခိုင် မှတာဝန်ယူပြီး အခမ်းအနားမှုး အဖြစ် မိုင်းကျော်ဦးမှ တာဝန်ယူဆောင်ရွက်ခဲ့ကြပါသည်။ သဘာပတိမှ အဖွင့် အမှာစကားပြောကြားပြီးသည့်နောက် တက်ရောက်လာကြသည့် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်နှင့် ကိုယ်စားလှယ် အသီးသီးတို့ မှ နှုတ်ခွန်းဆက် အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။ဖိတ်ကြားထားသည့် မဟာမိတ် အဖွဲ့ အစည်းဖြစ်သော KNU-Japan ကိုယ်စားလှယ် စောမျိုးခိုင်ရှင်း ၊ OKOJ ဥက္ကဋ္ဌ စောလှကြီး တို့ မှ တက်ရောက် အမှာစကားပြောကြားခဲ့ကြပါသည်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)၏ (၂၀၀၈.၂၀၀၉)ခုနှစ် အလုပ်အမှုဆောင်ကော်မတီ ၏ တစ်နှစ်တာ လုပ်ငန်း အစီရင်ခံစာကို အထွထွေအတွင်းရေးမှုး မိုင်းကျော်ဦးမှ ဖတ်ကြားတင်သွင်းပြီးနောက် ရေးရာကော်မတီဝင်များမှ တစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ အားသာချက် အားနည်းချက်များကို တင်ပြအစီရင်ခံခဲ့ကြပါသည်။
၂၀၀၉ / ၂၀၁၀ ခုနှစ် အလုပ်အမှုဆောင် ကော်မတီဝင်အမည်စာရင်းများကို AUN-Japan ၏ ၂၀၀၉/ ၂၀၁၀ အလှည့်ကျ ဥက္ကဋ္ဌ စိုင်းစီဝမ်း အား လွှဲပြောင်းပေးအပ်ပြီး အထွေထွေအတွင်းရေးမှုး မိုင်းကျော်ဦးမှ လည်း ၂၀၀၉/၂၀၁၀ ခုနှစ် ရွေးချယ်ခံရသည့် အထွေထွေအတွင်းရေးမှုး မင်းဝင်းတေဇ အား လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၀၉/၂၀၁၀ ခုနှစ် ဥက္ကဋ္ဌ အသစ် စိုင်းစီဝမ်း မှ အမှာစကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း(ဂျပန်)၏ (၂၀၀၈.၂၀၀၉)ခုနှစ် အလုပ်အမှုဆောင်ကော်မတီ ၏ တစ်နှစ်တာ လုပ်ငန်း အစီရင်ခံစာကို အထွထွေအတွင်းရေးမှုး မိုင်းကျော်ဦးမှ ဖတ်ကြားတင်သွင်းပြီးနောက် ရေးရာကော်မတီဝင်များမှ တစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ အားသာချက် အားနည်းချက်များကို တင်ပြအစီရင်ခံခဲ့ကြပါသည်။
၂၀၀၉ / ၂၀၁၀ ခုနှစ် အလုပ်အမှုဆောင် ကော်မတီဝင်အမည်စာရင်းများကို AUN-Japan ၏ ၂၀၀၉/ ၂၀၁၀ အလှည့်ကျ ဥက္ကဋ္ဌ စိုင်းစီဝမ်း အား လွှဲပြောင်းပေးအပ်ပြီး အထွေထွေအတွင်းရေးမှုး မိုင်းကျော်ဦးမှ လည်း ၂၀၀၉/၂၀၁၀ ခုနှစ် ရွေးချယ်ခံရသည့် အထွေထွေအတွင်းရေးမှုး မင်းဝင်းတေဇ အား လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၀၉/၂၀၁၀ ခုနှစ် ဥက္ကဋ္ဌ အသစ် စိုင်းစီဝမ်း မှ အမှာစကား ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။
Sunday, November 29, 2009
Association Of United Nationalities -Japan ( Election 2009 -2010)
Photo by : Lian khan Sum (CNC-Japan)
Tuesday, November 24, 2009
ရွှေဂုံတိုင် ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲမှတ်တမ်းများ
Posted by Thawngsian Tung (CNC-Japan)
Photos : Lian Khan Sum (CNC-Japan)
Sunday, October 18, 2009
မင်းကိုနိုင် ၏ မွေးနေ့အထိမ်းအမှတ်
Posted by Thawngsian Tung (CNC-Japan)
Photos : Lian Khan Sum (CNC-Japan)
အောက်တိုဘာလ (၁၈)ရက် ၂ဝဝ၉ ခုနှစ်(တနင်္ဂနွေနေ့)
အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် တိုကျို ၊အိခဲဘုကုရို တိုရှီမာကု ကူမင်စင်တာ (၄) ထပ်တွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တို့ ပူးပေါင်းကျင်းပခဲ့ရာ ဖိတ်ကြားထားသော အဖွဲ့အစည်းအသီးသီး ဂျပန်လူမျိုးများ ၊ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ ၁၅၀ခန့်တက်ရောက်ခဲ့ပါတယ်။ ။
Sunday, October 11, 2009
မတရားဖမ်းဆီး အကျဉ်းချထားသည့် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ ဓာတ်ပုံမှတ်တမ်း.
Posted by Thawngsian Tung (CNC-Japan)
Photos : Lian Khan Sum (CNC-Japan)
ဂျပန်နိုင်ငံ တိုကျိုမြို့ Otsuka ပန်းခြံမှ Ikebukuro ပန်းခြံအထိ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Wednesday, September 9, 2009
FREE DAW AUNG SAN SUU KYI AND U KHUN THUN OO
Posted by Thawng Sian Tung (CNC-Japan)
မြန်မာ့ဒီမိုကရေစီအင်အားစုများက ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့တွင် AUN-JAPAN , SND-JAPAN , SSND ၏ ဦးဆောင်မှုဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုဆန္ဒပြ ကြသည်။
Monday, August 31, 2009
Sunday, August 30, 2009
၇၅ လမြောက် ဒီပဲယင်း အထိမ်းအမှတ် အခမ်းအနား ဂျပန်နိုင်ငံ တိုကျိုမြို့ရှီနာ ဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့
Posted by Thawng Sian Tung (CNC-Japan)
Photos : Lian Khan Sum (CNC-Japan)
Sunday, August 23, 2009
၂၃-၈-၂၀၀၉ ဂျပန်ရောက်ဒီမိုကရေစီ လိုလားသူများမှ ချီတက်ဆန္ဒပြပွဲ
Posted by Thawngsian Tung (CNC-Japan)
Photos : Lian Khan Sum (CNC-Japan)
Wednesday, August 12, 2009
ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင် ဆန္ဒပြပွဲ ထပ်မံကျင်းပ
Posted by Thawngsian Tung (CNC-Japan)
Photos : Lian Khan Sum(CNC-Japan)
Subscribe to:
Comments (Atom)