Showing posts with label (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား. Show all posts
Showing posts with label (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား. Show all posts

Saturday, February 27, 2010

(၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား

cncletterhead










ယနေ့ ကျရောက်တဲ့ (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို TOKYO Toshima-ku မြို့ နယ် Ikebukuro Kohkaido ခန်းမ မှာ ဂျပန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများ မှ  ညနေ ၆ နာရီ မှ ၉ အထိ နှစ် ပိုင်းခွဲပြီး ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစီအစဉ် ပထမပိုင်းမှာ အဖွင့် ဆုတောင်းအစီအစဉ်ကို Pu(Rev.)Ronald Lawm Bik မှ ဆုတောင်း ပေးပြီးသည့်နောက် ချင်းတိုင်းရင်းသားအဖွဲ့ အစည်း(ဂျပန်)CNC-Japan ဥက္ကဋ္ဌ Pu Thang Nang Lian Thang မှ အဖွင့်အမှာစကားကို ဂျပန်နိုင်ငံရောက် ချင်းမျိုးနွယ်စုများ ကိုယ်စား ပြောကြားခဲ့ပါသည်။ အထူးဧည့်သည်တော် Mr.Hisao Tanabe (U Shwe Ba, A friend of Chinland) မှ ချင်းအမျိုးသားနေ့  အတွက် နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ နောက်ခံ သမိုင်းကြောင်းကို Daw Ngun Than မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ချင်းပြည်နယ်အကြောင်းကို ပါဝါပွိုင့် ဖြင့် မိတ်ဆက် တင်ပြပြီး ချင်းပြည်နယ်မှာ `ကြွက်`များကြောင့် သီးနှံများ ဖျက်ဆီးခံရပြီး အငတ်ဘေးကြုံတွေ့ နေရပုံကို ရှင်းလင်းသွားပါသည်။ ဤ ကျင်းပပြုလုပ်သည့် ချင်းအမျိုးသားနေ့  အခမ်းအနားမှ ကောက်ခံရရှိသည့် အလှုငွေများကိုလည်း ကြွက်အန္တရယ် ကျရောက်သည့် ဒေသ သို့  လှုဒါန်းသွားပါမည်။

ဒုတိယပိုင်း ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ် မှာ ချင်းရိုးရာ တေးသီချင်းများ ၊ Fashion Show အစီအစဉ်များ ၊ ချင်းတိုင်းရင်းသား ရိုးရာ ၀ါးညှပ်အက တို့ ဖြင့်တင်ဆက်သွားပြီး အထူးဧည့်သည်တော် စတီရီယို အဆိုတော် “ ဆုန်သင်းပါရ် ” နှင့် ကိုအောင်ပဏ်းတို့ မှ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက် ပါသည်။ ချင်းတောင်တန်းသို့  အလည်တခေါက် လာခဲ့ပါ တေးသီချင်းဖြစ် စုပေါင်းသီဆိုကြပြီး အခမ်းအနားကို ည ၉ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

ဒီနေ့ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့  အခမ်းအနားကို ဂျပန်နိုင်ငံရောက် ပြည်ထောင်စု ဘွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နှင့် ဂျပန်ဧည့်သည်တော်များ အပါအ၀င် စုစုပေါင်း (၃၀၀)ကျော်ခန့်  တက်ရောက်ခဲ့ပါသည်။

Photo by / Lian Khan Sum (CNC-Japan)