Tuesday, February 9, 2010

(၆၃)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနား(တိုကျို)။

cncletterhead

Photo by : Lian Khan Sum (CNC-Japan)

ယနေ့ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ(၇) ရက်နေ့ သည် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (ဂျပန်)SND-Japan မှ (၆၃)ကြိမ်မြောက် သျှမ်းအမျိုးသားနေ့အခမ်းအနားကို တိုကျို IKekukuro အရပ်ရှိ Kumin Center 6F တွင် ကျင်းပခဲ့ကြပါသည်။ သျှမ်းအမျိုးသားနေ့အခမ်းအနားကို သျှမ်းတိုင်းရင်းသားများတို့ မှ ဦးစီးကျင်းပပြုလုပ်ပြီး ဂျပန်နိုင်ငံ ရောက် ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား အစီအစဉ်များတွင် SND-Japan ၏ နယက ဖြစ်သူ စိုင်းဆမ် မှ အဖွင့် အမှာစကား ပြောကြားပြီး သည့် နောက် SND-Japan ဥက္ကဋ္ဌ စိုင်းစီဝမ်းမှ သျှမ်းအမျိုးသားနေ့ အတွက် နှုတ်ခွန်းဆက် အမှာစကား ပြောကြား သွားခဲ့ပါသည်။ ဆက်လက်ပြီး သျှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း ကို ရှင်းလင်း တင်ပြခြင်း၊ သျှမ်းပြည်နယ် အတွင်း၌ တစ်နှစ်တာ ထူးခြားသည့် သတင်းဖြစ်စဉ်များကို ဖတ်ကြား တင်ပြခြင်း၊ SND-Japan ၏ သဘောထားထုတ်ပြန်ချက်အား ဖတ်ကြားခြင်း၊ သျှမ်းပြည်နယ် တွင် လူ့ အခွင့်အရေး ချိုးဖေါက်များနှင့် လက်ရှိ ပကတိအနေ အထားများကို ပါဝါ ပွိုင့် ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ကြွရောက်လာကြသော ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများ တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များတို့ က ပင်လုံသမိုင်း အကြောင်းများ နှင့်တကွ ရှမ်း အမျိုးသားနေ့ သမိုင်း ကြောင်းဖြစ် ပေါ်လာပုံ ကို မိမိတို့ ၏အမြင်ဖြင့် ဆွေးနွေး ပြောကြားသွားခဲ့ကြပါသည်။

ဖျော်ဖြေရေးအစီအစဉ် တွင် သျှမ်းရိုးရာ သီချင်း သီဆိုခြင်း၊ သျှမ်းရိုးရာ အိုးစည်ဗုံမောင်း နှင့် တိုးနယား အက၊ သိုင်း အလှကပြခြင်း နှင့် အိုးစည်ဗုံမောင်း ၀ိုင်းပတ်အကဖြင့် စုပေါင်းကြခဲ့ကြပြီး အခမ်း အနား ကို နေ့ လည် ၁နာရီမှ စတင်ကျင်းပကာ ညနေ ၄း၃၀ နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။