(၄၉)နှစ်ပြည့်မြောက် ကချင်တော်လှန်ရေးနေ့  အထိမ်းအမှတ်အခမ်းနားနှင့် မြစ်ဆုံရေကာတာစီမံကိန်းအား ရှုတ်ချကန့် ကွက်ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့  Shinagawa အရပ်ရှိ နအဖ (သံရုံး) စစ်အခွန်ရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် ကချင်အမျိုးသား အစည်းအရုံး(ဂျပန်) KNO-Japan မှဦးစီး၍ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား များတို့ မှ ပူးပေါင်းပါဝင်သည့် ဆန္ဒပြပွဲ အခမ်းအနားတရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ယနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် နှင့် ကချင်ပြည်နယ်ဒေသ အတွင်း လက်ရှိဖြစ်ပေါ် နေသော လူ့ အခွင့်အရေးချိုးဖေါက်မှုများကို KNO-Japan ၏ ဥက္ကဋ္ဌ ဦးပီတာ ဘရန်းဆိုင်းမှ ရှင်းလင်း ပြောကြားပြီးသည့်နောက် ကချင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ကြေငြာချက်ကို မောင်ဘရန်မိုင်မှ ဖတ်ကြာသွားပါသည်။ထုတ်ပြန်ကြေငြာချက်၌ ကချင်တမျိုးသားလုံး၏ မူလကိုယ်ပိုင်အခွင့်အရေးနှင့် တန်းတူ အခွင့်အရေးရရှိနိုင်ရန်အတွက် တော်လှန်ရေးတွင် အသက်သွေးချွေး စတေးခဲ့ကြသော သူရဲကေါင်းများကို ဂါရ၀ ပြုထားသလို တော်လှန်ရေးခရီးမှာ ဆင်းရဲဒုက္ခမြောက်များစွာရင်ဆိုင်ခဲ့သော်လည်း အမျိုးသား လွတ်မြောက်ရေး ကို ဦးတည်ပြီး ကြိုးစားထမ်းဆောင်နေကြသော ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် (KIA) အား ဂုဏ်ပြု ကြိုဆို ထားသည်ကိုတွေ့ ရပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံတွင်းသာမက နိုင်ငံတကာတွင် ရောက်ရှိ နေကြသော ကချင်းအမျိုးသားများတို့ က တချိန်တည်းကျင်းပပြုလုပ်ခဲ့ကြသည့်ကို KNO-Japan ဒု ဥက္ကဋ္ဌ ဦးလဖိုင်ဇော်လ မှ ရှင်းပြခဲ့ပါသည်။တက်ရောက် လာခဲ့ကြသည့် အဖွဲ့ အစည်းအသီးသီးတို့ မှ တာဝန်ရှိသူ များက ကချင်ပြည်နယ်အတွင်း လူ့ အခွင့် အရေး ချိုးဖေါက်ခံနေမှု ကို အမြင်အမျိုးမျိုးဖြစ် ပြောကြားခဲ့ကြပါသည်။
ထုတ်ပြန်ကြေငြာချက်နှင့် တောင်းဆိုချက်များကို (ဂျပန်၊မြန်မာ) နှစ်ဘာသာဖြင့် နအဖ သံရုံးတာဝန်ခံသို့  လိပ်မူပြီး ပေးပို့ ခဲ့ပါသည်။ဆန္ဒပြပွဲ အခမ်းအနားကို ညနေ ၃း၀၀နာရီ မှ ၄း၀၀ အထိ ကျင်းပခဲ့ပြီး ဂျပန်ရောက် ဒီမိုကရေစီအင်အားစု(၂၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။
Photo by Lian Khan Sum(CNC-Japan)