Monday, January 11, 2010

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ(တိုကျို)

cncletterhead



Photos by Lian Khan Sum (CNC-Japan)

“ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည် ပထမ”
“ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးသည် အဓိက”

နအဖ စစ်အုပ်စုသည် ဒာမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်ပြီး ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ (၅)လပြည့်သွားပြီဖြစ်သည်။လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်ဦး ၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံ ရေး အကျဉ်းသားများ လွတ်မြောက်ရေးသည် အလွန်ပင် အဓိကကြပါသည်။ အထူးပင် လိုအပ်ပါသည်။

ဤကဲ့သို မြန်မာ့နိုင်ငံရေးမှာ လက်ရှိနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန်အတွက် အဓိက အရေးပါ သော အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် ချီတက် ဆန္ဒပြ တောင်းဆိုမူတရပ်ကို ကနေ့  ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ(၁၁)ရက် နေ့ လည် ၁၄း၀၀ နာရီ မှ ၁၆း၃၀ နာရီ အထိ တိုကျိုမြို့  Episu ပန်းခြံ မှ Sandagaya(Meiji) ပန်းခြံအထိ ချီတက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါသည်။

အဆိုပါ ချီတက် ဆန္ဒပြပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊တိုင်းရင်းသားအင်အားစုများ နှင့် မြန်မာ့အရေးကို ထောက်ခံအားပေးကြသော ဂျပန် အဖွဲ့ အစည်းများ NGO များ စုစုပေါင်း အင်းအား(၃၀၀) ကျော် ပါဝင်ဆန္ဒပြခဲ့ကြပါသည်။ နအဖ စစ်အုပ်စုသည် ၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာက အသိအမှတ်ပြု လက်ခံထား သည့် တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကို ယနေ့ ထိတိုင် အကောင်အထည် ဖေါ်ဆောင်ခြင်းမရှိပဲ လာမည့် ၂၀၁၀ အောက်တိုဘာလတွင် ရွေးကောက် ပွဲ ထပ်မှန်ကျင်းပပြုလုပ်မည်ကို လက္ခံယုံကြည်နိုင်ဘွယ်ရာမရှိကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများတို့ ကို အမြန်ဆုံးလွတ်ပေးပြီး တွေ့ ဆုံဆွေးနွေးရေးပြုလုပ်သွားရန် တိုက်တွန်း တောင်းဆို ဆန္ဒပြခဲ့ကြပါသည်။