Showing posts with label ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံ. Show all posts
Showing posts with label ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံ. Show all posts

Sunday, October 4, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံ

cncletterhead
Posted by Thawng Sian Tung (CNC-Japan)
ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ (၃) ရက် ယနေ့ နေ့လယ်ပိုင်းတွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြောင်း အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ နေ့လယ် (၁) နာရီခန့်တွင် တွေ့ဆုံခြင်းဖြစ်ပြီး (၄၅) မိနစ်ကြာခန့် တွေ့ဆုံခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံသည့်ကိစ္စနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ကျနော်တို့ သေချာတော့မသိဘူး။ ထင်မြင်ချက်ပေးရရင်တော့ မကြာခင်က တိုက်ရိုက် ဗိုလ်ချုပ်မှူးကြီးဆီ ရေးတဲ့စာနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်တယ်။ ဆန်ရှင်ကိစ္စပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ (၂၅) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသားပေးပို့ခဲ့သည်။

အဆိုပါစာတွင် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများအားလုံးကို သိရှိနားလည်စေရေး၊ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရေးနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို သိရှိနားလည်စေရေးကို ဦးစွာဆောင်ရွက်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက “ဒေါ်စုတောင်းထားတဲ့အချက် ရှိတယ်လေ။ ဆန်ရှင်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စဉ်းစားကြဖို့ အဓိကအချက် (၃) ချက်ကို တောင်းထားတယ်။ အဲဒီအကြောင်းအရာတွေကိုပဲ စကားပြောဖို့ဖြစ်မှာပါ။ မှန်းဆလို့ရတာပေါ့လေ။ ဆန်ရှင်ရုပ်သိမ်းရေးကိစ္စကို အချက်အလက်တွေရနိုင်အောင် နအဖနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားပါတယ်ဆိုတဲ့ စာထုတ်ပြန်ပြီးတဲ့နောက်မှာ တရားဝင်စာပို့တာရော ကျနော်တို့အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်တာရော၊ ပတ်ပလစ်ကိုရော၊ ကမ္ဘာ့မီဒီယာတွေမှာရော ပါကုန်တော့ အစိုးရဘက်ကရော အရေးယူဆောင်ရွက်မယ်ဆိုရင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့တွေ့ရင် ပထမဦးဆုံး ဒီကိစ္စကိုပဲ ဖြေရှင်းကြမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ဆန်ရှင်ရုပ်သိမ်းရေးသည် ၁/၂၀၀၇ တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်ထားသည့်အမိန့်ကို ပြန်၍ တခြားနည်းလမ်းနှင့် ဆက်သွယ်ဖြေကြားသည့် သဘောမျိုးဖြစ်နေသဖြင့် ဗိုလ်ချုပ်မှူးကြီးဘက်ကလည်း အရေးယူဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်နေချိန်လည်းဖြစ်ပါသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

၂၀၀၇ ခု၊ အောက်တိုဘာ (၄) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် နအဖရုပ်မြင်သံကြားမှတဆင့် ကြေညာချက်တရပ် ထုတ်လွှင့်ခဲ့သည်။

ယင်းထုတ်လွှင့်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုန်းရေး၊ မြန်မာနိုင်ငံအား စီးပွားရေးအဆက်အသွယ်ဖြတ်တောက်ရေး အပါအ၀င် အလုံးစုံပိတ်ဆို့ရေးတို့ကို စွန့်လွှတ်ရန်နှင့် ထိုသို့စွန့်လွှတ်ပါက ၎င်းနှင့်တွေ့ဆုံဆွေးနွေးမည်ဟု ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအချက်များကို သူ့အနေဖြင့် လုပ်ဆောင်ထားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ သဘောထားသာဖြစ်ကြောင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်မှတဆင့် သဘောထားထုတ်ပြန်ပြောဆိုခဲ့သည်။

၂၀၀၇ ခု အောက်တိုဘာ (၂၅) ရက်တွင် နအဖ ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာတွင် တွေ့ဆုံခဲ့သည်။

Sourve :