Saturday, February 27, 2010

(၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနား

cncletterhead










ယနေ့ ကျရောက်တဲ့ (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို TOKYO Toshima-ku မြို့ နယ် Ikebukuro Kohkaido ခန်းမ မှာ ဂျပန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများ မှ  ညနေ ၆ နာရီ မှ ၉ အထိ နှစ် ပိုင်းခွဲပြီး ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစီအစဉ် ပထမပိုင်းမှာ အဖွင့် ဆုတောင်းအစီအစဉ်ကို Pu(Rev.)Ronald Lawm Bik မှ ဆုတောင်း ပေးပြီးသည့်နောက် ချင်းတိုင်းရင်းသားအဖွဲ့ အစည်း(ဂျပန်)CNC-Japan ဥက္ကဋ္ဌ Pu Thang Nang Lian Thang မှ အဖွင့်အမှာစကားကို ဂျပန်နိုင်ငံရောက် ချင်းမျိုးနွယ်စုများ ကိုယ်စား ပြောကြားခဲ့ပါသည်။ အထူးဧည့်သည်တော် Mr.Hisao Tanabe (U Shwe Ba, A friend of Chinland) မှ ချင်းအမျိုးသားနေ့  အတွက် နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံ နောက်ခံ သမိုင်းကြောင်းကို Daw Ngun Than မှ ရှင်းလင်းပြောကြားခဲ့ပါသည်။ ချင်းပြည်နယ်အကြောင်းကို ပါဝါပွိုင့် ဖြင့် မိတ်ဆက် တင်ပြပြီး ချင်းပြည်နယ်မှာ `ကြွက်`များကြောင့် သီးနှံများ ဖျက်ဆီးခံရပြီး အငတ်ဘေးကြုံတွေ့ နေရပုံကို ရှင်းလင်းသွားပါသည်။ ဤ ကျင်းပပြုလုပ်သည့် ချင်းအမျိုးသားနေ့  အခမ်းအနားမှ ကောက်ခံရရှိသည့် အလှုငွေများကိုလည်း ကြွက်အန္တရယ် ကျရောက်သည့် ဒေသ သို့  လှုဒါန်းသွားပါမည်။

ဒုတိယပိုင်း ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ် မှာ ချင်းရိုးရာ တေးသီချင်းများ ၊ Fashion Show အစီအစဉ်များ ၊ ချင်းတိုင်းရင်းသား ရိုးရာ ၀ါးညှပ်အက တို့ ဖြင့်တင်ဆက်သွားပြီး အထူးဧည့်သည်တော် စတီရီယို အဆိုတော် “ ဆုန်သင်းပါရ် ” နှင့် ကိုအောင်ပဏ်းတို့ မှ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက် ပါသည်။ ချင်းတောင်တန်းသို့  အလည်တခေါက် လာခဲ့ပါ တေးသီချင်းဖြစ် စုပေါင်းသီဆိုကြပြီး အခမ်းအနားကို ည ၉ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

ဒီနေ့ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့  အခမ်းအနားကို ဂျပန်နိုင်ငံရောက် ပြည်ထောင်စု ဘွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နှင့် ဂျပန်ဧည့်သည်တော်များ အပါအ၀င် စုစုပေါင်း (၃၀၀)ကျော်ခန့်  တက်ရောက်ခဲ့ပါသည်။

Photo by / Lian Khan Sum (CNC-Japan)