Friday, May 14, 2010

Kurt Campbell ရဲ့ မြန်မာပြည် ဒုတိယ ခရီးစဉ်

cncletterhead
အမေရိကန်ပြည်ထောင်စုအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ဆောင်ရွက်လုပ်ကိုင်နေသူတွေနဲ့အတူ လက်တွဲ ရပ်တည်သွားမယ့်အကြောင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell က ပြောဆိုပါတယ်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လက်ရှိ စစ်အစိုးရ တာဝန်ရှိသူတွေ၊ NLD ခေါင်းဆောင်တွေအပြင် ရွေးကောက်ပွဲဝင်ကြဖို့ ပြင်ဆင်နေကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတချို့ကို Mr. Kurt Campbell တွေ့ဆုံခဲ့ပါတယ်။

မန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးကို ရည်ညွှန်းပြီး မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပေးထားတဲ့ ကတိတွေနဲ့အညီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့လည်း Mr. Kurt Campbell က သတိပေး ပြောဆိုခဲ့ပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ကတော့ မြန်မာစစ်အစိုးရအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ချဉ်းကပ်မှုဟာ ပျော့ပြောင်းနေတယ်လို့ မြင်တဲ့အကြောင်းနဲ့ ပိုပြီးထိရောက်တဲ့ အရေးယူပိတ်စို့မှုတွေ ပြဌာန်းဖို့ တိုက်တွန်းပြောဆိုပါတယ်။ အကြောင်းစုံကို ကိုရန်နိုင် က တင်ပြပေးထားပါတယ်။ 






Source : VOA