
ယနေ့ ဧပြီလ ၂၉ရက်နေ့  (၈၁)ကြိမ်မြောက် (မေဒေး) အလုပ်သမားနေ့  ချီတက်ပွဲ အခမ်းအနားကို တိုကျို ShinJuKu-Ku Tocho ပန်းခြံမှ Yoyogi ပန်းခြံအထိ ဂျန်နိုင်ငံ အလုပ်သမားသမဂ္ဂများ ၊ မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ်(ဂျပန်ပြည်) FWUBC ၊ မြန်မာ့ပင်လယ်ပျော်များသမဂ္ဂ(SUB) တို့ နှင့်အတူ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများပါ ချီတက်ပွဲတွင် ပူးပေါင်း ပါဝင်ခဲ့ကြသည်ကို တွေ့ ရှိရပါသည်။ ချီတက်ပွဲ အခမ်းအနားတွင် အနုမြူလက်နက် ပိုင်ဆိုင်ရန် ကြိုးစားတည်ဆောက်နေသော နအဖ ဆန့် ကျင်ရန်၊ နအဖ မှ မတရားသဖြင့် ခိုင်းစေခြင်း ခံနေရသည့် အလုပ်သမားများနှင့် အတင်းအဓမ္မ ရွှေ့ ပြောင်းခံနေရသော အလုပ်သမားများအတွက် ဆန့့်ကျင်ရန် ကြွေးကြော်သံများဖြစ် ကြွေးကြော် ချီတက်ခဲ့ပါသည်။
နေ့ ခင်း ၁၁း၀၀ နာရီတွင် (မေဒေး) အလုပ်သမားနေ့  အခမ်းအနားကို YoYogi ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်အလုပ်သမား သမဂ္ဂများ အဖွဲ့ ချုပ်(JTUC-Rengo) ဥက္ကဋ္ဌ KOGA NOBUAKI မှ အဖွင့်အမှာစကား ပြောကြားပြီးသည့်နောက် ဂျပန်ဝန်ကြီးချုပ် YUKIO Hatoyama မှ ပြောကြားရာမှာ အလုပ်သမားများရဲ့  ဘ၀လုံခြုံစိတ်ချနေထိုင်နိုင်မှု၊ ကျောင်းသားနှင့် ကလေးငယ်များအတွက်ပါ ဆက်လက်၍ ကြိုးစားလုပ်ဆောင် သွား မည့်အကြောင်းနှင့် မိမိတို့ အစိုးရအနေဖြင့် ပေးထားသည့် ကဓိအတိုင်း ကြိုးစား အကောင်အထည်ဖေါ် ပေးသွားမည့် အကြောင်းကို ထည့်သွင်းပြောကြားသွားပါသည်။
မေဒေး အခမ်းအနားတွင် ပြခန်းများ ဆိုင်ခန်းများ စုံလင်စွာ ဖွင့်လှစ်ထားပြီး မြန်မာ့ရေးရာရုံး(BOJ) နှင့် မြန်မာနိုင်ငံ ဟိုတယ်နှင့် စားသောက်ဆိုင် အလုပ်သမားများသမဂ္ဂ(HRWUB) တို့ မှပူးပေါင်း၍ မြန်မာ့နိုင်ငံနှင့် ပတ်သက်သည့် အလုပ်သမားများ အတင်းအဓမ္မ အလုပ်ခိုင်းစေသည့် မှတ်တမ်းဓါတ်ပုံပြခန်းကိုပါ တင်ဆက်ပြသထားကြောင်းတွေ့ ရှိရပါသည်။ ယနေ့ အခမ်းအနားသို့  ဂျပန်အလုပ်သမားစုစုပေါင်း သုံသေါင်းကျော်ခန့်  တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)