
Posted by Thawng Sian Tung (CNC-Japan)

မော်လမြိုင် အကျဉ်းထောင် မှ ကိုချစ်မင်းလေး ၊ထောင်ဒဏ် ၁၀၄ နှစ်အပြစ်ပေးခံထားရသည့် အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် ကိဘိုမင်းယုကို ၊ထောင်ဒဏ် နှစ်နှစ်ကျခံနေရသော News Watch ဂျာနယ်မှ ကိုဇော်ထွန်း နှင့် ထောင်မှနိုင်ငံရေးအကျဉ်းသူမမြတ်ကေသီအောင်တိုသည်ထောင်တွင်း၌ကျန်းမာရေးအခြေအနေ ဆိုးရွားလျှက်ရှိသော်လည်းထောင်အာဏာပိုင်များကဆေးကုသခွင့်မပေးဟုသတင်းရရှိသည်။
သရက် ထောင်တွင်ထိန်းသိမ်းခံထားရသည့် ကိုဘိုမင်းယုကို မှာ မန္တလေးတွင် ထောက်လှမ်းရေးက စစ်ဆေးမေးမြန်းစဉ် ရရှိခဲ့သော ဒဏ်ရာများ အပြင် မန္တလေးအကျဉ်းထောင်တွင် တိုက်ပိတ်ထားစဉ်က ခြေထောက်များချိ၍ လမ်းကောင်းစွာမလျှောက်
နိုင်ဖြစ်ခဲ့ရသည်။ယခု သရက် အကျဉ်းထောင်တွင်ရှိနေသော ကိုဘိုမင်းယုကို မှာ အစာအိမ်ရောဂါ နှင့် ခြေထောက်ချိနဲ့ ခြင်းရောဂါတို့ ကိုခံစားနေရသော် လည်း အကျဉ်းထောင် အာဏာပိုင်များက ဆေးဝါးစောင့်ရှောက်မှု မပေးဟု သတင်းရရှိသည်။သရက်ထောင် တွင် ကိုဘိုမင်းယုကို နှင့် အတူ
ရှိသော ထောင်ဒဏ် နှစ် ၅၀ ကျခံနေရသည့် ကိုညီညီ မှာ လည်း အစာအိမ်ဝေဒနာကိုခံစားနေရသည် ဟု သိရသည်။
ကျောင်းသားခေါင်းဆောင် ကိုထွန်းထွန်း ၏ဇနီးဖြစ်သူ မမြတ်ကေသီအောင် အားထားရှိရာ ထား0ယ်တောင်ထောင်တွင်းရှိ အမျိုးသမီးဆောင် မှာ ကျန်းမာရေးနှင့် လျှော်ညီခြင်းမရှိ ဟု မကြာခင်က ထောင်မှ လွတ်မြောက်လာသည့် သာမန် အကျဉ်းသူ တစ်ဦးက Freedom News Group သို့ ပြောသည်။မကေသီအောင် သည် ယခင်နှစ် ဒီဇင်ဘာ လကကုသခွင့် မပေးပဲ ယခင်သီတင်းပတ်က မန္တလေး ထောင်သို့ ပြန်လည်ပို့ ဆောင်ကာ ထောင်တွင်းဆေးရုံ ၌ပင် ကုသပေးသည် ဟု သူမ၏ မိသားစုဝင်တစ်ဦးကပြောသည်။
လွန်ခဲ့သည့် သီတင်းပတ်က ဆင်းရဲကျပ်တည်းစွာဖြင့် အသက်မွေးဝမ်းကျောင်း
ပြုနေရသည့် မိခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက် ထောင်ဝင်စာတွေ့ မည့် သူပင်မရှိတော့
သည့် မော်လမြိုင် အကျဉ်းထောင်မှ ကိုချစ်မင်းလေးမှာ ကျောရိုးကျဉ်းပေါင်းတက် ရောဂါ
ဝေဒနာ ကိုခံစားနေရသော် လည်း ထောင်ဆရာဝန် က လုံလောက်သည့် ဆေးဝါးညွှန်ကြား
မှု မပေးဟု သိရသည်။ကိုချစ်မင်းလေးသည် ဆုံးပါးသွားသောမိခင်၏ နာရေးအားလိုက်ပါပို့ 
ဆောင်ခွင့် မရ ဟုသိရသည်။
အင်းစိန် အကျဉ်းထောင် အဆောင် ၃ တွင် ထိမ်းသိမ်းခံထားရသည့် News Watch ဂျာနယ်မှ ကိုဇော်ထွန်းသည် အဆစ်အမြစ် ကိုက်ခဲခြင်း နှင့် အာရုံကြောအားနည်းခြင်း
ရောဂါ ကို ခံစားနေရသော် လည်း ထောင်အာဏာပိုင်များက ပြင်ပဆေးရုံသို့ ထုတ်၍
ကုသခွင့် မပေး ဟု ၎င်း ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးကပြောသည်။
ကျန်းမာရေး ချို့ ယွင်းနေသာ နိုင်ငံရေး အကျဉ်းသားများအတွက် သက်ဆိုင်ရာ ထောင်အာ
ဏာာပိုင်များက ပြင်ပဆေးရုံများတွင် တက်ရောက် ကုသခွင့်ရရှိရန် အကျဉ်းဦးစီးဌာန ညွှန်
ချုပ် နှင့် ပြည်ထဲရေးဝန်ကြီး ဌာန သို့ စာတင်ပေးသော် လည်း အကြောင်းပြန်ကြားခြင်း
လုံးဝမပြုဟု အင်းစိန် အကျဉ်းထောင် ၀န်ထမ်းတစ်ဦးက Freedom News Group သို့ 
ပြောသည်။
စစ်အစိုးရ စတင် အာဏာသိမ်းပိုက်ချိန်မှ စ၍ ယခုအချိန် အထိ နိုင်ငံရေး အကျဉ်းသား
တစ်ရာ ကျော် မှာ အကျဉ်းထောင်တွင်း အကြောင်း အမျိုးမျိုးကြောင့်သေဆုံးခဲ့ပြီးဖြစ်သည်။