Wednesday, August 19, 2009

UN Council calls on Burma to Release of Political Prisoner

cncletterhead
Posted by Thawngsian Tung (CNC-Japan)



၁၄ သြဂုတ် နယူးယောက် ၊ ၊အေအက်(ဖ)ပီ

ဥရောပသမဂ္ဂ၏ အရေးယူမှုတွင်ပါရှိသည့် စစ်အစိုးရ သတင်းနှင့် စာနယ်ဇင်းမှ မြန်မာအလင်းသတင်းစာ ကိုဖတ်ရှုနေသူ တစ်ဦး Photo:AP

ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ တွင် နှစ်ရက်ကြာအချေအတင် ဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် ဆိုသည့် တောင်းဆိုချက် ကို ထုတပြန် နိုင်ပြီဖြစ်ကြောင်း ယမန် နေ့ က နယူးယောက်မှ လာသော အေပီ သတင်းတစ်ရပ်တွင် ဖေါ်
ပြထားသည်။

အမေရိကန်နိုင်ငံက မူလ တင်သွင်းသည့် အဆိုမူကြမ်းတွင် မြန်မာစစ်အစိုးရ အပေါ်ရင့်သီးသော အသုံး အနှုံးများပါ သည် ဟု ဆိုကာ အဖွဲ့ ဝင်နိုင်ငံ အချို့ က ၎င်းတို့ ၏ သက်ဆိုင်ရာ အစိုးရခေါင်းဆောင်များ နှင့် ဆွေးနွေး ပါရ စေအုံးဟု ဆိုသဖြင့် ယခု ထုတ်ပြန်ချက်မှ ရက်အတန်ကြာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အားဆိုင်းငံထောင် ဒဏ် တစ်နှစ်ခွဲ ချမှတ်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံက မြန်မာစစ်အစိုးရ ၏ တရားဥပဒေ ကို နိုင်ငံတကာမှ လေးစားလိုက်နာရန် စစ်အစိုးရဘက်မှ ကာကွယ်ပြောကြားပေးခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် ရုရှား နှင့် တရုတ် အပါအ၀င် ကျန်အဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် လစ်ဗျား၊ဗီယက်နမ် များက ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ကုလ လုံခြုံရေးကောင်စီ ၏ အမေရိကန် မူကြမ်းရေးဆွဲသော ကြေညာချက် ကို ပြန်လည် သုံးသပ်ကြသည် ဟု ဆိုသည်။

ယနေ့ ထုတ် မြန်မာ့ အလင်းသတင်းစာ တွင် ဆောင်းပါးရှင် မန်းသာစိန်က ဒေါ်အောင်ဆန်းစုကြည် အားထောင်တွင်းထားရှိ မည့် အမိန့် ကို နေအိမ်သို့ ပြောင်းရွှေ့ ပေးလိုက်ခြင်းကြောင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် မေတ္တတရား များ ကိန်းအောင်းနေသူ အပြောင်းအလဲ လိုလားသူ ဟု ရေးသားထားသည်။

ထို့ ပြင် ဒေါ်အောင်ဆန်းစုကြည် အား ထောင်တွင်းမထားပဲ နေအိမ်ခြံတွင်း ထားရှိခြင်းသတင်းကို
ကြေညာ သည့် အခါ မြန်မာ ပြည်သူများပြုံးပျော်သွားသည် ဟု ထိုဆောင်းပါးတွင် ပါရှိသည်။

ဥရောပ သမဂ္ဂ (အီးယူ)ကမူ မြန်မာ အစိုးရအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့ မှု သက်တမ်းတိုးမြှင့်ခဲ့ပြီး စစ်အစိုးရ ၀ါဒဖြန့် ချီရေးလုပ်ငန်းများ အပြင် မြန်မာ့ ရုပ်ရှင် လုပ်ငန်း ကိုပါ ထည့်သွင်း ဒဏ်ခတ်လိုက်ခြင်းဖြစ် သည်။ထို့ ပြင် စစ်အစိုးရ နှင့် ဆက်နွယ်ခြင်း စစ်အစိုးရ အဖွဲ့ 
ဝင်မိသားစုများ ပိုင်ဆိုင် သည့် စီးပွားရေးလုပ်ငန်း ၁၀၂၇ ခုကိုလည်း ယခုပိတ် ဆို့ ဒဏ်ခတ်မှု
တွင် ထည့်သွင်းထားသည်။

မြန်မာ နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် လွှတ်တော်အမတ် ဂျင်းဝဘ် နှင့် မြန်မာ စစ်အစိုးရ
အပါအ၀င်အတိုက်အခံအဖွဲ့ များ ရင်းနှီးပွင့်လင်းစွာတွေ့ ဆုံဆွေးနွေး၍ အမျိုးသားပြန်လည် သင့်
မြတ်ရေးကို ဆောင်ရွက် ရန် ကုလလုံခြုံရေးကောင် စီက တိုက်တွန်းထားသည်။