Thursday, July 30, 2009

ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

cncletterhead
Posted by Thawngsian Tung (CNC-Japan)
Source : မဇ္ဈိမသတင်းဌာန

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟုဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။

တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၃ နှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

Wednesday, July 29, 2009

စစ်အစိုးရအပေါ် အမေရိကန် ဒဏ်ခတ် အရေးယူမှု သက်တမ်း ထပ်တိုး

cncletterhead
Posted by Thawngsian Tung (CNC-Japan)
Source : VOA News
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး အခြေအနေ တိုးတက်အောင် မလုပ်နိုင်တာတွေကြောင့် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ထားတာကို သက်တမ်းတိုးမြှင့်ဖို့ သမ္မတ ဘရက်ခ် အိုဘားမား က လက်မှတ် ရေးထိုးလိုက်ပါပြီ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေ ပြောင်းလဲကောင်း ပြောင်းလဲမယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောထားပေမဲ့ စစ်အစိုးရရဲ့ မပြောင်းလဲတဲ့ သဘောထားတွေကြောင့် ဒီလို အရေးယူမှုတွေကနေလည်း လျော့သွားစရာ မရှိဘူးလို့် အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀န်းက တွက်ဆ နေကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြန်ပြောင်းသုံးသပ်နေတဲ့ အမေရိကန် ပြည်ထောင်စုက စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေလုပ်ဆောင်ဖို့ ချမှတ်ထားတဲ့ ဥပဒေကို နောက်ထပ် ၃ နှစ် သက်တမ်းတိုးဖို့ သမ္မတ ဘရက်ခ် အိုဘားမား က မနေ့တုန်းကပဲ လက်မှတ်ရေးထိုး အတည်ပြုလိုက်တာပါ။ ကျောက်မျက်ရတနာတွေ အပါအ၀င် မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုတွေကို တားမြစ်တဲ့ Burmese Freedom and Democracy Act ၂၀၀၃ ခုနှစ် ဥပဒေကို အထက်နဲ့ အောက် လွှတ်တော် ၂ ရပ်က ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အတည်ပြု မဲပေးပြီး အခုနောက်ဆုံး သမ္မတက လက်မှတ်ရေးထိုး သက်တမ်း တိုးလိုက်တာပါ။ ဒါဟာဆိုရင် လက်ရှိဖမ်းဆီးခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးတာ အပါအ၀င် နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် လုပ်မယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်တာလို စစ်အစိုးရနဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ လုပ်နိုင်ပါတယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောထားပြီး မရှေးမနှောင်း ဆိုသလို ထွက်ပေါ်လာတာပါ။ ဒီလို အခြေအနေမျိုးမှာ အမေရိကန်ဘက်က လိုက်လျောလိုတယ် ဆိုရင်တောင် နီးစပ်နိုင်မယ့် အလားအလာတွေ မမြင်ရဘူးလို့ ယူဆသူကတော့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပါ။

“စစ်အစိုးရက ဒီအတောအတွင်းမှာ သူတို့ကို အရေးယူပိတ်ဆို့တယ်ဆိုတာမျိုးကို မဖြစ်စေချင်ဘူး။ ကမ္ဘာမှာလည်း မျက်နှာပန်းမလှဘူး ဆိုတာကိုသာ ရှောင်ချင်တာပဲ။ သူတို့ဘက်က ဘာမှလျော့ပေးဖို့ လမ်းမရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာကနေ ဘယ်လိုပဲ မျှောင်လင့်နေနေ၊ ဘယ်လိုပဲ တောင်းဆိုနေနေ သူတို့ကတော့ ကျွန်တော်ထင်တယ် ထောင်ချဖို့ပဲ ရည်ရွယ်တာပဲ။ ထောင်ချတယ်ဆိုတာကလည်း စကားပေါ့ဗျာ။ ထောင်ချတယ်ပေါ့။ အဓိကတော့ ဒီလာမယ့် ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်းမှာ ဒေါ်စုကို နိုင်ငံရေး ပင်မရေစီးကြောင်းကနေ ဖယ်ထုတ်ပစ်ချင်တဲ့ ဆန္ဒသဘောထားပဲ သူတို့ ရှိတယ်။ အဲဒီ ဆန္ဒသဘောထားအတိုင်းပဲ သူတို့ လုပ်မှာပဲ။ အဲဒီတော့ အမေရိကန်အစိုးရကနေ သူတို့ အရေးယူမှုတွေ လုပ်သော်ငြားလည်း သူတို့က ဘာမှ ပျော့ပြောင်း လာမှာ မဟုတ်ဘူး။ အဲဒီတော့ အမေရိကန် အစိုးရက သူ့ရဲ့ မူဝါဒ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့ လုပ်နေတယ်။ မလုပ်ခင်မှာ ဒီကိစ္စတွေ ပေါ်နေတာကိုး။ သူတို့ဘက်က လက္ခဏာတွေကို ကြည့်ခြင်းအားဖြင့် အမေရိကန် ပြန်သုံးသပ်တဲ့နေရာမှာ ကျွန်တော်ထင်တယ်။ ခပ်တင်းတင်းလေးပဲ မူဝါဒတွေကို ကိုင်စွဲရမှာပဲလို့။ ”

ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေမြို့မှာ ပြီးခဲ့တဲ့ တပတ်ထဲ ကျင်းပပြီးစီးသွားတဲ့ အာဆီယံ ဒေသဆိုင်ရာ လုံခြုံရေး အစည်းအဝေးပွဲ ကာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် က ဆက်ဆံရေး အပြောင်းအလဲတွေ လုပ်နိုင်တဲ့ အကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့တဲ့ အပေါ်မှာတော့ ဒါဟာ ပြည်တွင်းရေးကို စွက်ဖက်လာတာ၊ အာဆီယံ အသင်းကြီးအပေါ် သြဇာ လွှမ်းမိုးဖို့ ကြိုးပမ်းလာတာဆိုပြီး အစိုးရပိုင် သတင်းစာတွေက တုံ့ပြန် ဖော်ပြခဲ့ကြတာပါ။ လက်ရှိ မြန်မာစစ်အစိုးရရဲ့ ရပ်တည်ချက်တွေကြောင့် အမေရိကန် အစိုးရနဲ့ နီးစပ်ဖို့ အလှမ်းဝေးနေဦးမယ်လို့ တွက်ဆသူ နောက်တဦးကတော့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအေးသာအောင် ဖြစ်ပါတယ်။

“အခုလို ပုံစံမျိုးဆိုရင်တော့ ပျော့ပြောင်းလာမယ့် အနေအထားမျိုးတော့ ဖြစ်လာလိမ့်မယ်လို့ ပြောဖို့ ခက်ပါတယ်။ အရင် အတိုင်းပဲ သူတို့ ပေါ်လစီအတိုင်း ဆက်လက်ပြီးတော့ လုပ်သွားလိမ့်မယ်လို့ မြင်ပါတယ်။ အမေရိကန်မှာ ကျင့်သုံး နေတဲ့ အမေရိကန်ရဲ့ ပေါ်လစီဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျင့်သုံးနေတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် တစုံတရာ အတိုင်းအတာအထိ ချမှတ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာလည်း အဆိုးဆုံး အခြေအနေလို့ ပြောစရာ၊ ယူဆနိုင်စရာ ရှိပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ ပျော့ပြောင်းလာဖွယ် မရှိဘဲ ပိုပြီးတော့ ပြတ်သားတဲ့၊ ပြင်းထန်တဲ့ ပေါ်လစီတွေသာ ကျင့်သုံး လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံအရေး အခြေအနေတွေ တိုးတက်မှု မရှိလို့ အမေရိကန် ပြည်ထောင်စု၊ အီးယူ (ဥရောပ သမဂ္ဂ) နိုင်ငံ တွေက စစ်အစိုးရအပေါ် ဒဏ်ခတ် အရေးယူထားတာ ဖြစ်ပေမဲ့လည်း ဒါတွေဟာ ထိရောက်မှု မရှိဘူး၊ အကျိုးထက် အပြစ် က များတယ် ဆိုပြီးဝေဖန်မှုတွေလည်း ရှိနေတာပါ။ သမ္မတ ဘရက်ခ် အိုဘားမား ဦးဆောင်တဲ့ အစိုးရ တက်လာပြီး နောက်ပိုင်းမှာတော့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထိရောက်တဲ့ ရလာဒ်တွေ ထွက်လာဖို့ ဘာတွေလုပ်နိုင်မလဲဆိုပြီး သူတို့ရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပြန်လည် သုံးသပ်တာတွေ လုပ်နေတာပါ။ ဒါပေမဲ့လည်း ဒါတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့ကာနီးမှ ဥပဒေ ချိုးဖောက်တယ်ဆိုပြီး တရားစွဲဆိုတာတွေ လုပ်နေတာကြောင့်လည်း ဒီလို သုံးသပ်မှုတွေ အပြီးမသတ်နိုင်ဘဲ ဖြစ်နေရတာ ပါ။

Monday, July 27, 2009

စစ်အစိုးရကို ဆက်ဒဏ်ခတ်ရေး အမေရိကန်လွှတ်တော် အတည်ပြု

cncletterhead
Posted by Thawngsian Tung (CNC-Japan)
Source : VOA
မြန်မာစစ်အစိုးရ လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဒီမိုကရေစီ မထွန်းကားမှုတွေကြောင့် အရေးယူ ဒဏ်ခတ်တဲ့ အနေနဲ့ အမေရိကန်နိုင်ငံ ကနေ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု ဥပဒေကို၂၀၀၃ ခုနှစ်ကနေ စတင် ပြဋ္ဌာန်းပြီး နှစ်စဉ် သက်တမ်းတိုးလာနေပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကလည်း ဒီအရေးယူမှုကို ဆက်ပြီး သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော်က မဲပေး အတည်ပြုခဲ့ပါတယ်။

အခုဆို အမေရိကန် အောက်လွှတ်တော်ရော၊ အထက်လွှတ်တော်ရော အတည်ပြုထားပြီ ဖြစ်လို့ သမ္မတ အိုဘားမားက အတည်ပြုလက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။ ဒီဥပဒေဟာ မြန်မာပြည်က ကုန်ပစ္စည်းတွေကို အမေရိကန်ကို တင်သွင်း ခွင့် ပိတ်ပင်တားမြစ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဘက်ကတော့ အခုလို အရေးယူဒဏ်ခတ်တာတွေကို မကြိုက် တဲ့အကြောင်း မကြာခဏ ပြောဆိုနေတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက ဆက်ပြီး ဖမ်းဆီးထားတုန်းပဲဖြစ်လို့ မြန်မာ စစ်အစိုးရကို ဖိအားပေးတဲ့ အနေနဲ့ အမေရိကန်ရဲ့ အရေးယူမှုကို ဆက်ပြီး လုပ်သင့်တယ်လို့ အထက် လွှတ်တော် အမတ် မစ်ခ်ျ မက္ကောနဲလ် က အေပီ သတင်းကို ပြောခဲ့ပါတယ်။ သမ္မတအိုဘားမားက ဘယ်တော့ အတည်ပြု လက်မှတ်ထိုးမလဲ ဆိုတာတော့ မသိရသေးပါဘူး။ မြန်မာစစ် အစိုးရပိုင် သတင်းစာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရေးဟာ အဓိပ္ပာယ်မရှိဘူးလို့ ရေးသားဖော်ပြနေပါတယ်။

ဦး ဘိုလှတင့်၏့ ဂျပန်သတင်းစာ ရှင်းလင်းပွဲ

cncletterhead
Posted by Thawngsian Tung (CNC-Japan)
၂၀၀၉ခုနှစ်ဇူလိုင်လ၂၁ရက်။ ။ယနေ့ညနေ၄နာရီ ဂျပန်နိုင်ငံ တိုကျိုမြို့ ချိယိုဒါ ကု၊ ခန်းဒ-စုရုဂါ့ဒိုက် ၃-၂-၁၁ ဆိုးဟျိုး ကိုက်ခန်း အဆောက်အဦး ၃ထပ် ရင်ဂို အလုပ်သမားများ အဖွဲ့ချုပ်ရုံး ခန်းမ တွင် မြန်မာ့ဒီမိုကရေစီအရေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။မြန်မာ့ရေးရာရုံး-ဂျပန်(Burma Office-Japan) မှ တာဝန်ယူကျင်းပခဲ့ ပြီး ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစီုးရ(NCGUB) ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်မှ ဂျပန်လူမျိုးများ နှင့် ဂျပန်နိုင်ငံရှိ မြန်မာပြည်သူများကို လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေ၊နအဖ စစ်အုပ်စု နှင့်မြောက်ကိုရီးယားဆက်ဆံရေး၊အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ နှင့်ကမ္ဘာ့ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
သတင်း စိုးအောင်ဝင်း NLD(LA)JB NEWS AND INFORMATION



Monday, July 20, 2009

လ္တြွိႚဝက်ြအစီရင်ခံစာ ပေၝက်ုကားမြေုကာင့် အရာရႀိအခဵိႂႚ ဖမ်းဆီးခံရ

cncletterhead
Posted by Thawngsian Tung (CNC-Japan)
ူမန်မာစစ်အစိုးရရဲ့ တတိယ ထိပ်တန်းခေၝင်းဆောင် ဗိုလ်ခဵပ်ြဋ္ဌကီး သူရေ႟မြန်းရဲ့ လ္တြွိႚဝက်ြခရီးစဉ် အစီရင်ခံစာူပည်ပသတင်းဌာနတေကြို ပေၝက်ုကားခဲ့မအြတကြ် နေူပည်တော်မြာရြိတဲ့ အရာရြိ ၁၀ ဦးထက်မနည်း အဖမ်းခံထားရတယ်လိုႛ သိရပၝတယ်။

(Photo: RFA)

ဗိုလ်ခဵပ်ြဋ္ဌကီး သူရေ႟မြနိးံငြ့်ူမန်မာစစ်တပ်၏ အဆင့်ူမင့် ကိုယ်စားလယ်ြအဖြဲႚအားေူမာက်ကိုရီးယာိးိုံင်ငံ၊ူပံယြမ်း္ဘမြိႚတော်တငြ် စစ်ဖက်ဆိုင်ရာ အမိန်ႛပေး ထိန်းခဵပ်ြစနစ် (Command Control System) အေုကာင်းကို ၂၀၀၈ခိုံစြ်၊ိုံဝင်ဘာလ ၂၃ရက်က ရငြ်းလင်ူးပသနေပုံဖစ်ပၝသည်။
အဖမ်းခံရတဲ့ အရာရြိတေဟြာ ကာကယ်ြရေးဦးစီးဌာနုကည်းတပ်က ဗိုလ်ဋ္ဌကီးအဆင့်ရြိသူတြေူဖစ်္ဘပီး ဒီအမနြဲႛ ပတ်သက်္ဘပီး စစ်ဖက်ဆိုင်ရာ အရာရြိတခဵြိႚလည်း ထကြ်ေူပး ပုန်းရြောင်နေရတဲ့အေုကာင်း စစ်ဖက်နဲႛ နီးစပ်တဲ့ အသိုင်းအဝိုင်းတေကြို ကိုးကား္ဘပီး ထိုငိးိုံင်ငံထုတ် ဧရာဝတီမဂ္ဂဇင်းမြာ ရေးသားထားပၝတယ်။

အလားတူေူမာက်ကိုရီးယားက နေူပည်တော်မြာေူမအောက် ဥမင်လိုဏ်တူးဖော်မြ သတင်းနဲႛ ဗီဒီယိုတြေ ပေၝက်ုကားခဲ့တဲ့အတကြ် အရာရြိတေကြို ဖမ်းဆီးထားတယ်လိုႛ မုကာခင်က ထိုငိးိုံင်ငံထုတ် The Nation သတင်းစာမြာလည်း ဖော်ူပခဲ့ပၝတယ်။

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်ကတော့ အနည်းဆုံး နေူပည်တော်မြာ စုံစမ်းစစ်ဆေးမတြေ အဋ္ဌကီးအကဵယ် လုပ်နေတယ်လိုႛ စစ်ဖက်အသိုင်းအဝိုင်းကို ကိုးကား္ဘပီးေူပာပၝတယ်။

ဦးအောင်ဇော်။ ။ “္ဘပီးခဲ့တဲ့အပတ်က ထပ်္ဘပီးတော့ အတည်ူပလြိုႛရတဲ့ sourceိံစ်ြခု သုံးခုကန္ဘေပီးတော့ေူပာတာပၝ။ အနည်းဆုံး officer ၁၀ ဦးထက်မနည်း နေူပည်တော်မြာ အဖမ်းခံရတယ်။ င်္ီန်ြခဵပ်ြတေလြည်း စစ်ဆေးခံရတဲ့အထဲမြာ ပၝတယ်၊ စစ်ဆေးရေး လုပ်နေတယ်ပေၝ့လေ။ Investigation ဝင်နေတယ်ပေၝ့လေ၊ နော်။ ဆိုတော့ အဖမ်းခံရတယ်ဆိုတာ တခဵိႂႚက သံသယရႀိလိုႛ အဖမ်းခံရတာ ရြိုံင်တယ်။ တခဵိႂႚကဵေတာ့ စစ်ဆေးရေး ဝင်တာ ရြိုံင်တယ်။ အဲဒၝ သိမ်းကဵြံး္ဘပီးတော့ အဖမ်းခံရတယ်ဆ္ဘိုပီးတော့ သတင်းဌာနတေကြ ရေးတာလည်း ပၝိုံင်တယ်။ ကဋ္ဋန်တော်ူမင်တာကတော့ ဒီသတင်းတေကြို ပေၝက်ုကား္ဘပီး နောက်ပိုင်းက စ္ဘပီးတော့ တပ်မတော် အရာရြိပိုင်းမြာ၊ ထိပ်ပိုင်းမြာ၊ နောက်္ဘပီးတော့ နေူပည်တော်ထဲမြာ အဋ္ဌကီးအကဵယ်ကို အူပန်ူပန်ေူမလန်္ဘြပီးတော့ စစ်ဆေးမတြေ လုပ်နေတာ သုံးလေးပတ် ရြိသြားပၝ္ဘပီ။”

ူမန်မာစစ်အစိုးရရဲ့ လ္တြိွႚဝကြ် အစီရင်ခံစာတြေ ပေၝက်ုကားမဟြာ အခုကာလမြာမြ မဟုတ်ပဲ အရင်ကလည်း စစ်ဖက်ဆိုင်ရာ အစီရင်ခံစာသတင်းတြေ မုကာခဏ ပေၝက်ုကားခဲ့ဖူးပၝတယ်။

နေူပည်တော်နဲႛ နီးစပ်သူတဦးက RFAကိုေူပာူပရာမြာ မုကာခင်ကလည်းေူမာက်ပိုင်းတိုင်း တိုင်းမြးရဲ့ လက်မတ်ြမထိုးရသေးတဲ့ စာမူုကမ်းတောင် နေူပည်တော်ကနေ အူပင် စီးပြားရေးလောကကို ပေၝက်ုကားခဲ့ေုကာင်း သိရပၝတယ်။

ဒၝေပမဲ့ ေဴမာက္ကိုရီးယားနဲႛူမန်မာစစ်ရေးဆက်ဆံမကြို ဓာတ်ပုံတေနြဲႛ တကြ ပေၝက်ုကားခဲ့တာဟာေူမာက်ကိုရီးယားသဘေဿာူမန်မာူပည်လာနေတယ်လိုႛ သတင်းထက်ြခဵိန်နဲႛ အခဵိန်ကိုက်ူဖစ်တဲ့အတကြ် နေူပည်တော် အတငြ်းစည်းမြာကို ခေၝင်းဆောင်ပိုင်းမြာ ယုံကည်မြ ပဵက်ူပားသြားတာတြေ ရြိတယ်လိုႛ ယူဆေုကာင်း ကိုအောင်ဇော်က သုံးသပ်ပၝတယ်။

ဦးအောင်ဇော်။ ။ “ဖော်ထုတ်ခဵင်တဲ့သူက တပ်မတော်ပိုင်းမြာကိုက၊ အရာရြိပိုင်းမြာကိုက ဒီ ကမ်နန် သဘေဿာဋ္ဌကီး လာနေတဲ့အခဵိန်မြာ တမင်သက်သက်ကို ရည္႟ၾယ္ခဵက္ရႀိရႀိနဲႛ ဖော်ထုတ်တာူဖစ်တဲ့အတကြ်ေုကာင့် ကဋ္ဋန်တော်ထင်တယ် တပ်မတော် အရာရြိပိုင်းမြာ ႟ိုက်ခတ်မရြိတယ်၊ သူတိုႛထဲမြာ မယုံကည်မတြေ ပိုဖစ်သြားတယ်၊ ဒၝေုကာင့်လည်း စစ်ဆေးမတြေ လုပ်နေတာူဖစ်တယ်၊ တခဵြိႚဆိုလည်း ဗိုလ်ခဵပ်ြဋ္ဌကီး ခင်င်္ီနြ်ႛရဲ့ အောက်မြာ လုပ်ခဲ့ဘူးတဲ့ တခဵိႂႚ ထောက်လမြ်းရေးနဲႛ ပတ်သက်တဲ့လူတြေ ဘာတြေ ဆိုရင် တော်တော်မဵားမဵားကေူပုးက ပုန်ုးက္ဘပီလိုႛ ကဋ္ဋန်တော် သိရတယ်။ ဆိုတော့ သူတိုႛက တမင်သက်သက်ကို မီဒီယာကို leak လုပ်္ဘပီးတော့ ဒီ ကမ္နန္သေဘႆာနဲႛ ခဵိတ္တာေပၝ့။ အမန်ြတော့ ဒီသတင်းတေကြ မီဒီယာမပၝပဲနဲႛ အဴပင္မႀာိံစ်ြလသုံးလလောကိုံင်ငူံခား ထောက်လမြ်းရေး ဌာနတေမြာ အကုန်လုံး လက္ခံရရႀိ႓ပီး႓ပီလိုႛ သိရပၝတယ္။”

ဗိုလ္ခဵႂပ္႒ကီးသူရေ႟ၿမန္းရဲ့ ေဴမာက္ကိုရီးယား လ႖ိႂႚဝႀက္ခရီးစဥ္နဲႛ ပတ္သက္တဲ့ အစီရင်ခံစာအေုကာင်း သတင်းဖော်ူပခဵက်တေကြိုပည်ပ အသံလငြ့်မီဒီယာတေနြဲႛ အင်တာနက်စာမဵက်ြိာံတေမြ္ဘာပီးခဲ့တဲ့ ဇန်ြလကုန်က အသီးသီး ဖော်ူပခဲ့ပၝတယ်။

Source :

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှု ထိုင်းဝန်ကြီးချုပ် ကန့်ကွက်

cncletterhead
Posted by Thawngsian Tung (CNC-Japan)
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူတာတွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက် မကျင့်သုံးသင့်ဘူးလို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝ (Abhisit Vejjajiva) က ပြောလိုက်ပါတယ်။ ဒဏ်ခတ်အရေးယူမှုက ပြဿနာ မဖြေရှင်းနိုင်ရင် ASEAN အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့က ချမှတ်ကျင့်သုံးနေတဲ့ အပြုသဘောဆောင် ဆက်ဆံရေး ကနေ မြန်မာနိုင်ငံ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကြိုးပမ်းလုပ်ဆောင်သင့်တယ်လို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က တုံ့ပြန်ပြောဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြ ပေးထားပါတယ်။

အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ပြောကြားတဲ့ သူ့ရဲ့ သီတင်းပတ်စဉ် ရေဒီယိုမိန့်ခွန်းထဲမှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝက မြန်မာနိုင်ငံပေါ် ဒဏ်ခတ်အရေးယူမှု ချမှတ်တာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားသွားတာပါ။ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးတွေ၊ ဆွေးနွေးဖက် နိုင်ငံတွေနဲ့ အစည်းအဝေးတွေ၊ အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ အချိန်မှာပဲ ထိုင်းဝန်ကြီးချုပ်က အခုလို ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံပေါ် အဓိက ဒဏ်ခတ်အရေးယူထားတဲ့ အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြန်ပြီး သုံးသပ်နေတယ်ဆိုတဲ့ အချိန်ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒဏ်ခတ်အရေးယူတာက ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး ဆိုရင်လည်း အာဆီယံက တောက်လျှောက် ကျင့်သုံးလာခဲ့တဲ့ အပြုသဘောဆောင် ဆက်ဆံရေးနဲ့ မြန်မာ့ပြဿနာတွေ ဖြေရှင်းနိုင်အောင် ထိထိရောက်ရောက် လုပ်ဆောင်သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်တဲ့အထိရောက်အောင် တွေ့ဆုံ ဆွေးနွေးရေးကို အမြန်ဆုံး ဖြစ်ပေါ်နိုင်အောင် လုပ်ဖို့ သူတို့က ၀န်းရံပြီး ခေါ်ဆောင်လာမယ်ဆိုရင်တော့ ဒီ အပြုသဘော ဆောင်တဲ့ ချဉ်းကပ်မှုဟာ အောင်မြင်မှာပေါ့ဗျာ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု လိုတယ်ဆိုပြီး အာဆီယံလို အားကိုးထိုက်တဲ့ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ၊ မြန်မာနိုင်ငံနဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ရော၊ Public Relation ရောပေါ့ဗျာ၊ ပြည်သူနဲ့ပါ ထိစပ်အောင် သွားနေတဲ့ အာဆီယံဖြစ်မယ်ဆိုပြီး ကြေညာထားတဲ့အခါမှာ မြန်မာနိုင်ငံကို ဒီ့ထက်ပိုပြီး ကျယ်ပြန့်တဲ့၊ ထိရောက်တဲ့၊ လက်တွဲခေါ်ဆောင်မှုမျိုးနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ပြေလည်အောင် လုပ်ဖို့ အားကြိုးမာန်တက် ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ အာဆီယံကပြောတဲ့ စကားကို ငြင်းပယ်စရာအကြောင်း မရှိပါဘူး။”

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ခဲ့တာဟာ အကျိုးမထူးသလို အိမ်နီးချင်းနိုင်ငံတွေရဲ့ ထိတွေ့ဆက်ဆံရေး မူကလည်း အလုပ်မဖြစ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း သွားရောက်ခဲ့တဲ့ အင်ဒိုနီးရှား ခရီးစဉ်တခုအတွင်း ပြောထားခဲ့ဖူးပါတယ်။

ထိုင်းဝန်ကြီးချုပ် မစ္စတာအဘီဆစ်ကတော့ ဒဏ်ခတ် အရေးယူမှုကို ဆန့်ကျင်တာဟာ အာဆီယံ တဖွဲ့လုံးရဲ့ ရပ်တည်ချက် ဖြစ်တယ်ဆိုတာ ဖော်ထုတ်သင့်တယ်လို့ ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာ စစ်အစိုးရက အရေးယူ ဆောင်ရွက်နေတာကို အာဆီယံက ကန့်ကွက်ထားခဲ့ပေမဲ့ ပြည်တွင်းရေး ၀င်စွက်ဖက်တာမျိုး ကိုတော့ လုပ်မှာမဟုတ်ဘူးလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ရည်ညွှန်းတဲ့ အာဆီယံက ကန့်ကွက်တယ် ဆိုတာဟာ ပြီးခဲ့တဲ့ မေလက အာဆီယံ အလှည့်ကျဥက္ကဋ္ဌအနေနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ရည်ညွှန်းပုံရပါတယ်။ အဲဒီကြေညာချက်ထဲမှာ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတခု ဖြစ်တာနဲ့အညီ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့ တာဝန်ရှိတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဟာ အာဆီယံရဲ့ မူဖြစ်တဲ့ ပြည်တွင်းရေး ၀င်မစွက်ရ ဆိုတာကို ချိုးဖောက်တယ် ဆိုပြီး မြန်မာစစ်အစိုးရဘက်ကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ အစိုးရအချင်းချင်းသာ ထိတွေ့ဆက်ဆံပြီး အစိုးရတွေရဲ့ စကားသက်သက်ကိုသာ နားထောင်နေတာ ထက် အဖွဲ့ဝင်နိုင်ငံတွေက လူထုတွေ ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာကိုလည်း နားထောင်ပြီးတော့ လုပ်မယ် ဆိုရင် ပိုပြီး ထိရောက် အောင်မြင်နိုင်ပါတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“အစိုးရချင်း ဆက်ဆံတာထက်စာရင် ပြည်သူချင်း ပြည်သူချင်း၊ ပြည်သူနဲ့ အာဆီယံနိုင်ငံ အစိုးရတွေနဲ့ ထိစပ်ပြီး ပြည်သူ တွေ ဘာလိုချင်တယ်ဆိုတာကို တကယ်တမ်း သိအောင်လုပ်ပြီး တကယ်တမ်း အချိန်တိုတိုတွင်းမှာ ထိရောက်တဲ့ ဖော်ဆောင်မှုတွေကို လုပ်ပေးနိုင်မယ်ဆိုရင်တော့ အကျိုးရလဒ်တွေ ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုမဟုတ်ဘဲ အနောက်ဘက်ကပြောတဲ့ Pressure တွေကို ဆန့်ကျင်မယ်၊ အာဆီယံ အသိုင်းအ၀ိုင်းက အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု ပဲ လိုချင်တယ်ဆိုပြီး ဒီနှစ်ခုကြားထဲမှာပဲ အငြင်းအခုံ လုပ်နေမယ်ဆိုရင်တော့ မြန်မာနိုင်ငံအရေးဟာ ရှေ့မတိုး နောက် မဆုတ်နဲ့ အင်မတန် ၀မ်းနည်းဖွယ်ရာ အနေအထားက တက်မယ်လို့ ကျနော် မထင်မိပါဘူး။”

NLD သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ထဲက တချို့နိုင်ငံတွေဟာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် တနိုင်ငံချင်း သီးခြားပြောဆိုတာနဲ့ တဖွဲ့လုံး အနေနဲ့ ပြောဆိုတာမှာ အမြဲလို ကွာခြားလေ့ရှိပါတယ်။ အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေဟာ တနိုင်ငံချင်းအနေနဲ့ ပြောဆိုတဲ့ အခါမျိုးမှာ ဝေဖန်ပြောဆိုတာတွေ ရှိတတ်ပေမဲ့ အာဆီယံအဖွဲ့အနေနဲ့ ဆိုရင်တော့ အားလုံးလေသံအတိုင်းပဲ လိုက်ပြီးပြောဆိုကြပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝဟာ မြန်မာနိုင်ငံကို ဒီလကုန်မှာ သွားရောက်ဖို့ ရှိတယ်လို့ သိထားရပြီး ခရီးစဉ် အသေးစိတ်ကို နှစ်ဖက် အပြန်အလှန် ညှိနှိုင်းနေတယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ဗွီအိုအေကို ပြောထားဖူး ပါတယ်။

Source :

မြန်မာ့အာဇာနည်နေ့ကို တိတ်တိတ်ဆိတ်ဆိတ် ကျင်းပ

cncletterhead
Posted by Thawngsian Tung (CNC-Japan)
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကျဆုံးအာဇာနည် ခေါင်းဆောင်ကြီးများကို ချီတက်အလေးပြုရန် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက်ကြသူများကို အာဏာပိုင်များက သွားရောက်ခွင့်မပြုဘဲ တနင်္ဂနွေနေ့က နှင်ထုတ်ခဲ့သည်။

အန်အယ်ဒီ အဖွဲ့ဝင်များနှင့် အာဇာနည်ကြီးများကို လေးစားကြည်ညိုသူ ပြည်သူများက အာဇာနည်ဗိမာန်သို့ တနင်္ဂနွေနေ့က သွားရောက်ခဲ့ကြရာ ယင်းတို့ကို အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါ တီရှပ်များ ဝတ်ဆင်လာ၍ဟုဆိုကာ အာဏာပိုင်များက သွားရောက်ခွင့်မပြုဘဲ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံပါ တီရှပ်များ ဝတ်ဆင်သွားကြသော သူတို့၏ ပါတီဝင်အများအပြားကို အာဇာနည်ဗိမာန်အတွင်း ဝင်ရောက်ခွင့်မပြုဘဲ အာဏာပိုင်များက အပေါက်ဝမှ မောင်းထုတ်ခဲ့ကြသည်ဟု အန်အယ်ဒီ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

၆၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် အန်အယ်ဒီ ပါတီက ကျဆုံးအာဇာနည်ကြီးများကို အောက်မေ့သတိရ ဂုဏ်ပြုသည့်အနေဖြင့် အခမ်းအနားတရပ် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားအပြီးတွင် အန်အယ်ဒီ ပါတီဝင်များ၊ ပါတီဝင်ဟောင်း ဒေါ်နော်အုန်းလှ အပါအဝင် အာဇာနည်ကြီးများကို လေးစားသတိရသူများက အာဇာနည်ကြီးများကို အလေးပြုရန်နှင့် လွမ်းသူ့ပန်းခွေချရန် အာဇာနည်ဗိမာန်သို့ ချီတက်ခဲ့ကြသည်။ သို့သော် သူတို့ အများစုကို ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံပါ တီရှပ်များ ဝတ်ဆင်လာ၍ဟုဆိုကာ အာဏာပိုင်များက ဝင်ရောက်ခွင့်မပြုဘဲ မောင်းထုတ်ခဲ့ကြသည်။

''တခြားအဝတ်အစားတွေ ဝတ်သွားတဲ့ သူတွေကိုတော့ သူတို့ ဝင်ခွင့်ပြုခဲ့ပါတယ်။ အာဇာနည်ဗိမာန်ထဲ ဝင်ရောက်ဂါရဝပြုခွင့် ပေးခဲ့ပါတယ်'' ဟု သူက ပြောသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အန်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင်ကျင်းပသော အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ရာပေါင်းများစွာသော ပါတီဝင်များ၊ အာဇာနည်ကြီးများကို လေးစားကြည်ညိုသူများ၊ နိုင်ငံခြားသံတမန်များ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနား ကျင်းပရာနေရာတွင် အာဏာပိုင်များက လုံခြုံရေးတင်းကျပ်စွာ ချထားပြီး အခမ်းအနားကျင်းပသည်ကို အနီးကပ် စောင့်ကြည့်အကဲခတ်နေခဲ့သည်။

အခမ်းအနားကျင်းပရာ အန်အယ်ဒီရုံး အနီးတဝိုက်တွင် အရပ်ဝတ်အရာရှိများ၊ စစ်အစိုးရကို ထောက်ခံအားပေးသော အရပ်ဘက် အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ဝင်များ မြင်မြင်ထင်ထင်ပင် သွားလာလှုပ်ရှားနေကြသည်ကို တွေ့ရသည်ဟု ဦးအုန်းကြိုင်က ပြောသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားတွင် နံနက်ပိုင်း၌ သံဃာတော်များကို အရုဏ်ဆွမ်းကပ်လှူခြင်း၊ နေ့ခင်းတွင် အာဇာနည်နေ့ အခမ်းအနားကျင်းပခြင်းတို့ ပြုလုပ်ပြီးနောက် မွန်းလွဲပိုင်းတွင် ကျဆုံးလွတ်လပ်ရေး သူရဲကောင်း အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသည့် အခမ်းအနား အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။
တချိန်တည်းတွင် အစိုးရကလည်း တရားဝင် အထိမ်းအမှတ် အခမ်းအနားများကို အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ကျဆုံးအာဇာနည်ကြီးများ၏ မိသားစုများ၊ အာဇာနည်ကြီးများအတွက် ကိုယ်စားလှယ်များနှင့်အတူ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက လွမ်းသူ့ပန်းခွေချခဲ့သည်။

လက်ရှိ အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်နှင့် မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှကိုလိုနီများထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ လအနည်းငယ်အလိုတွင် အခြားဝန်ကြီးအဖွဲ့ဝင် ၇ ဦး၊ သက်တော်စောင့်တဦးတို့နှင့်အတူ ၎င်း၏ နိုင်ငံရေး ပြိုင်ဘက် ဂဠုန်ဦးစော၏ လက်ချက်ဖြင့် လုပ်ကြံခံရပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ရသည်။

ဗြိတိသျှကိုလိုနီများထံမှ လွတ်လပ်ရေးရရှိအောင် တိုက်ယူခဲ့ကြသော ကျဆုံးသူရဲကောင်းများကို ဂုဏ်ပြုသည့်အနေဖြင့် အာဇာနည်နေ့အဖြစ် အမျိုးသားအားလပ်ရက်အဖြစ် သတ်မှတ်ကာ ဂုဏ်ပြုကျင်းပလာခဲ့ကြသည်။ ထိုနေ့တွင် ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်အဖြစ် အစိုးရက အထူးအစီအစဉ်များ ထုတ်လွှင့်ဂုဏ်ပြုခြင်း ပြုလုပ်ခဲ့ကြသည်။

သို့သော် လက်ရှိ စစ်ခေါင်းဆောင်များ အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ်မှစတင်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများထုတ်လွှင့်ခြင်း အပါအဝင် ထိုသို့ဂုဏ်ပြုအစီအစဉ်များကို အစိုးရပိုင်ရေဒီယို ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ခြင်းနှင့် နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထူခြင်းတို့ကို မပြုလုပ်တော့ဘဲ ရပ်ဆိုင်းထားခဲ့ကြသည်။

ဤသို့ အောက်မေ့သတိရဂုဏ်ပြုခြင်း အခမ်းအနားများ လူထုကြားတွင် ကျဆင်းလာသည်နှင့်အမျှ ယနေ့သည် အာဇာနည်နေ့ဖြစ်သည်ဆိုသည်ကိုပင် လူများက အမှတ်မရကြတော့သည့် လက္ခဏာများ တွေ့နေရသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူတဦးက ပြောသည်။

''ခင်ဗျား ဖုံးခေါ်မှပဲ ဒီနေ့ အာဇာနည်နေ့ဆိုတာ ကျနော် သတိရတော့တယ်'' ဟု အဆိုပါမြို့ခံက တနင်္ဂနွေနေ့က မဇ္ဈိမကို ပြောသည်။

သို့သော် ဦးအုန်းကြိုင်ကမူ ''ကျနော်တို့ ရုံးအပြင်ဘက်ထွက်ပြီး အာဇာနည်ဗိမာန်ဘက်ကို မျက်နှာမူ အလေးပြုကြတော့ ဖြတ်သွားတဲ့လူထုကလည်း နေရာမှာတင်ရပ်ပြီး ကျနော်တို့နဲ့အတူ အလေးပြုကြတယ်'' ဟုဆိုကာ အာဇာနည်နေ့၏ အနှစ်သာရသည် လူထု၏ အသဲနှလုံးထဲတွင် ရှိနေဆဲဖြစ်ကြောင်း ပြောသည်။

ဗြိတိသျှကိုလိုနီနယ်ချဲ့နှင့် မြန်မာ့လွတ်လပ်ရေးရရှိရေးအတွက် အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသား လူမျိုးစုများ၏ ယုံကြည်မှုကို အရယူနိုင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ့လွတ်လပ်ရေး၏ ဗိသုကာအဖြစ် လူသိများထင်ရှားသည်။

အထူးသဖြင့် ရှမ်းပြည်နယ် ပင်လုံမြို့တွင် သမိုင်းဝင် ပင်လုံညီလာခံကြီး ကျင်းပခဲ့သူအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သိရှိကြသည်။ ထိုညီလာခံကြီးသို့ တိုင်းရင်းသားခေါင်းဆောင်များ၊ အထူးသဖြင့် ချင်း၊ ကချင်နှင့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် သဘောတူညီမှု ရခဲ့ကြသည်။

အချိန်မတိုင်မ်ီ စောစီးစွာ သူ ကျဆုံးခဲ့ရသည့်အတွက် တိုင်းရင်းသား ခေါင်းဆောင်များအကြားတွင် ပြည်ထောင်စုအပေါ် ယုံကြည်မှုကင်းမဲ့ကာ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည်။ နောက်တက်လာသော ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ အမြော်အမြင်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြခြင်းကြောင့် တိုင်းရင်းသား ခေါင်းဆောင်များက ထိုသို့ယုံကြည်မှု လျော့နည်းခဲ့ကြခြင်း ဖြစ်သည်။

Tuesday, July 14, 2009

Kalay University hostel closed to students

cncletterhead
Posted by Thawngsian Tung (CNC-Japan)
The Burmese military junta has banned college students from staying in the hostel campus in Kalay University, Kalaymyo, Sagaing division western Burma.


Kalay University
A university student said that the authorities are no longer permitting students to stay in the hostel in the university campus located nine miles from Kalaymyo near the Chin state border.

The university Vice-Chancellor has shut down the hostel in the campus on the orders of the Central Education Minister. Students who are from remote areas can no longer stay in the hostel. They are staying with their relatives or have rented houses.

Most of students from Tamu Township and Chin state are facing severe difficulties in renting houses and arranging for food. The government's order is in effect coming in the way of their educational careers.

"As the cost of renting private houses is very high five or six students have to stay together in a small house. It is difficult to rent houses near the campus so the students are spending more money on bus fare and food," he added.

No official reason has been given for closing the campus hostel. It might be a preemptive action before the 2010 general election and have something to do with the current trial of Aung San Suu Kyi. Student groups have always been the ones to be in the forefront of protests.

There are four hostels in Kalay University and the boys used to stay in the Aung Zi Wa and Ban Du Lah hostels, the other two hostel Zalatphuy and Zalatnyi are allocated to girls. The monthly cost is Kyat 5000 with two persons in each room. There are about 4,000 students in Kalay University now.

The Burmese regime is wary of facing another uprising by students in the country after what happened in 1988. So the government always monitors activities of college and university students. Khonumthung News

Thursday, July 9, 2009

Suu Kyi Denied Access to News

cncletterhead
Posted by Thawngsian Tung (CNC-Japan)


Burmese pro-democracy leader Aung San Suu Kyi is denied access to a radio during her time in Rangoon’s Insein Prison, according to her lawyer, Nyan Win.

Suu Kyi was able to keep in touch with world events by listening to the radio during her house detention, but that possibility has been denied her since she was removed to Insein Prison, where she is on trial for transgressing the terms of her house arrest.

Nyan Win said Suu Kyi was allowed to read the state-controlled press, but was denied the possibility of receiving “uncensored information via foreign broadcasting.”

Nyan Win met Suu Kyi on Wednesday, and said afterwards that she was in a good mood and healthy.

The meeting was to allow Nyan Win to prepare for Suu Kyi’s next appearance in court, scheduled for Friday. He said he didn’t know if a verdict could be expected then. She faces a sentence of up to five years imprisonment if convicted of allowing an American intruder to stay at her home.

A scheduled session of the trial last Friday was postponed because of the visit to Burma by UN Secretary-General Ban Ki-moon.

The UN chief asked for a meeting with Suu Kyi, but his request was rejected by junta leader Snr-Gen Than Shwe.

“I believe the government of Myanmar [Burma] has lost a unique opportunity to show its commitment to a new era of political openness,” Ban commented.

“Allowing a visit to Daw Aung San Suu Kyi would have been an important symbol of the government’s willingness to embark on the kind of meaningful engagement that will be essential if the elections in 2010 are to be seen as credible,” he said.

Ban is expected to brief the UN Security Council shortly on his Burma visit.

Analysts say the Burma issue is sure to be raised before the Security Council in August, when the UK has the chair, and in September, when the US takes over the position.

Burma has been able in the past to rely on the vetoes of two permanent members of the Security Council, China and Russia, to block unfavorable resolutions. But diplomatic sources say China is disappointed by the Burmese regime’s treatment of Ban.

Source :

မြန်မာ့နိုင်ငံရေး တိုးတက်အောင်လုပ်ဖို့ စက်မှုထိပ်သီး ၈ နိုင်ငံ တိုက်တွန်း

cncletterhead
Posted by Thawngsian Tung (CNC-Japan)

အီတလီနိုင်ငံမှာ ကျင်းပနေတဲ့ G 8 စက်မှုထိပ်သီး ၈ နိုင်ငံရဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး သိသာမြင်သာတဲ့ ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးဖို့ မနေ့က စည်းဝေးပွဲ ပထမနေ့မှာ ခေါင်းဆောင်တွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တာကိုလည်း G 8 ထိပ်သီးစည်းဝေးပွဲက ကြိုဆိုတဲ့အကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်အစိုးရအတွက် ပြောကြားချက်တွေကို သယ်ဆောင်သွားတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက် ထောက်ခံနေမှာ ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်မှုတွေအတွက် မြန်မာစစ်အစိုးရဘက်က လိုက်ပါဆောင်ရွက်မှုတွေကို ပြသနိုင်တဲ့ အခွင့်အလမ်း ရခဲ့ပါလျက်နဲ့ မယူခဲ့ဘူးလို့ အတွင်းရေးမှူးချုပ်ရဲ့ အမြင်သဘောထားကို လက်ခံကြောင်းလည်း ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ကြီးရဲ့ လက်ရှိ အလှည့်ကျ သဘာပတိတာဝန် ထမ်းဆောင်နေတဲ့ ပြင်သစ်နိုင်ငံကလည်း ကုလသမဂ္ဂအဖွဲ့နဲ့ စစ်အစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုနေတဲ့အပေါ်နဲ့ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံကို ရောက်ရှိနေစဉ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုတာကို စစ်အစိုးရဘက်က ငြင်းဆိုခဲ့တဲ့အပေါ် အထူးစိုးရိမ် ပူပန်မိကြောင်း ပြောကြားခဲ့ပါတယ်။

G 8 ခေါင်းဆောင်တွေဟာ သူတို့ရဲ့မိတ်ဆွေ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၅ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ရာသီဥတု ပြောင်းလဲမှု ကိစ္စတွေကို အီတလီနိုင်ငံမှာ ဒီကနေ့ ဒုတိယနေ့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။ ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ မက္ကဆီကိုနဲ့ တောင်အာဖရိကနိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အပါအ၀င် G 8 ခေါင်းဆောင်တွေဟာ အီတလီနိုင်ငံ အလယ်ပိုင်းက လာကီလာ (L’ Aquila) မြို့မှာ တွေ့ဆုံဆွေးနွေးနေကြတာပါ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ဟွန်ဒူရပ်စ်နိုင်ငံက နိုင်ငံရေးပဋိပက္ခ၊ တရုတ်နိုင်ငံအတွင်းက လူမျိုးစုတွေရဲ့ ပြဿနာ စတာတွေကို ၃ ရက်ကြာ ကျင်းပနေတဲ့ ဒီ စီးပွားရေး ထိပ်သီးညီလာခံရဲ့ ဒုတိယနေ့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒါ့အပြင် အီရန်ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား ပြဿနာ စတာတွေကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်လို့တော့ ကမ္ဘာ့ဥတုရာသီ ပြောင်းလဲမှုကို ဖြစ်ပေါ်စေတယ်ဆိုတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချကြဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။


Source;

ကုလသမဂ္ဂူမန်မိာိုံင်ငံဆိုင်ရာ မိတ်ဆြေိုံင်ငံမဵား အစည်းအဝေူးပလြုပ်

cncletterhead
Posted by Thawngsian Tung (CNC-Japan)
အတငြ်းရေးမြးခဵပြ် Mr. Ban Ki Moon နဲႛ အထူးကိုယ်စားလယြ် Mr. Gambari တိုႛရဲ့ မဳကာခင္က ဴမန္မာခရီးစဥ္နဲႛ ပတ်သက်္ဘပီး ဆြေးြေိံးတဲ့ ကုလသမဂ္ဂ အတငြ်းရေးမြးခဵပ်ြရဲူ့မန်မိာိုံင်ငံဆိုင်ရာ မိတ်ဆြေိုံင်ငံမဵား အစည်းအဝေးကို အမေရိကန်ူပည်ထောင်စု နယူးယောက်္ဘမြိႚ ကုလသမဂ္ဂ႟ုံးခဵပြ်ေူမအောက်ထပ် ခန်းမတခုမြာ ဇူလိုင် ၈ ရက်၊ မေနႛက ကဵင္းပခဲ့တယ္လိုႛ သိရပၝတယ္။


အမေရိကန်ူပည်ထောင်စု နယူးယောက်္ဘမြိႚရြိ ကမႝာ့ ကုလသမဂ္ဂ ဌာနခဵပြ် အဆောက်အအုံဖစ်ပၝသည်။ (Photo: AFP)




အစည်းအဝေးကို ညနေ ၄ နာရီကနေ ၅ နာရီအထိ ကဵင်းပခဲ့တာူဖစ်္ဘပီး အထူးကိုယ်စားလယြ် မင်္စတာ ဂမ်ဘာရီတက်ရောက်တယ်လိုႛ ကုလသမဂ္ဂ အေူခစိုက် သတင်းဌာနတခုဖစ်တဲ့ Inner City Press က ရေးသားပၝတယ်။ မင်္စတာ ဘန်ကီမနြ်းကတော့ အီတလီိုံင်ငံမြာ ကဵင်းပနေတဲ့ စက်မထြိပ်သီး ၈ိုံင်ငံ G-8 အစည်းအဝေးကို တက်ရောက်နေတဲ့အတကြ် ဒီအစည်းအဝေးကို မတက်ရောကိုံင်ဘူးလိုႛ သိရပၝတယ်။

ဒီအစည်းအဝေးမြာ ဂဵပန် သံအမတ်ဋ္ဌကီး၊ တ႟ုတ္နဲႛ္ဘဗိတိန် ဒုသံအမတ်ဋ္ဌကီးတြေ တက်ရောက်္ဘပီူးမန်မိာိုံင်ငံခရီးစဉ် ဆိုင်ရာကိင်္စတေကြို ဆြေးြေိံးခဲ့တယ်လိုႛ သိရပၝတယ်။ ဒၝပေမဲ့ ဆြေးြေိံးတဲ့ အေုကာင်းအရာတေနြဲႛ ပတ်သက်္ဘပီး မင်္စတာ ဂမ်ဘာရီက သတင်းထောက်တေကြိုေူပာဆိုဖိုႛူငင်းဆိုခဲ့တယ်လိုႛ သတင်းမြာ ဖော်ူပထားပၝတယ်။

ဴမန္မာခရီးစဥ္နဲႛ ပတ္သက္လိုႛ ကုလသမဂၢ လုံခံရြေးကောင်စီမြာ တင်ူပမလား၊ ဒီမိတ်ဆြေိုံင်ငံမဵားအဖြဲႚကိုပဲ တင်ူပမလားဆိုတာ မေသခဵာဘူးလိုႛ မစၤတာဂမ္ဘာရီက ေဴပာတယ္လိုႛ သိရပၝတယ္။

ဴမန္မာႎုိင္ငံအေရးနဲႛ ပတ္သက္လိုႛ အတၾင္းေရးမႀႃးခဵႂပ္က သူႛအေနနဲႛ မိတ္ေဆၾႎုိင္ငံမဵားအဖၾဲႚနဲႛ ဆက်္ဘပီး လုပ်ဆောင်သြားမယ်လိုႛူမန်မာခရီးစဉ်အ္ဘပီး မင်္စတာ ဘန်ကီမနြ်းကေူပာဆိုထားပၝတယ်။

Source :

Tuesday, July 7, 2009

ရန်ကျန် တက္ကသိုလ် (သို့မဟုတ်) ဆဲဗင်း ဂျူလိုင်

cncletterhead
Posted by Thawngsian Tung (CNC-Japan)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း
ကျောင်းသားဆိုတာဟာ ပွင့်လင်း ရိုးသားပြီး ဖိနှိပ်မှု၊ မတရားမှုကို မကြိုက်တဲ့ သဘာဝ ရှိပါတယ်။ ခေတ်ပညာ တတ်ဖြစ်ပြီး နိုင်ငံတကာ နဲ့  ယှဉ်ကာ အမြင်ကျယ် အသိဥာဏ် ကြွယ်ဝသူတွေလည်း ဖြစ်ကြပါတယ်။ နယ်ချဲ့  ကိုလိုနီ လက်အောက်က လွတ်မြောက်ဖို့  ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံကို ကယ်တင်ခဲ့တဲ့ “အာဇာနည် သူရဲကောင်း” တွေဟာ ကျောင်းသားတွေက ဖြစ်လာတာ မဟုတ်ပါလား ခင်ဗျား။ ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားတွေဟာ လွတ်လပ်ရေး ရရှိမှု ပြဿနာ၊ ပြည်တွင်းစစ် ရပ်စဲရေး ပြဿနာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြဿနာ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ပြဿနာ စတာတွေကို အကြိတ်အနယ် ဖြေရှင်းတောင်းဆို ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့၊ ဗိုလ်နေ၀င်း အာဏာသိမ်း ပြီးတဲ့အခါ စစ်အာဏာရှင် စနစ်ကို ပထမဆုံး ဆန့် ကျင် ကန့် ကွက် ခဲ့တာ ကျောင်းသားတွေ ဖြစ်ကြပါတယ်။
အာဏာသိမ်းပြီးပြီးချင်း မတ်လ (၃) ရက်နေ့မှာ (ဗကသ)၊ (တကသ) နဲ့ (ရကသ) တို့ ပူးတွဲပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ စစ်တပ်က အာဏာသိမ်းခြင်းကို ကန့်ကွက်လိုက် ကြပါတယ်။ ဖဆပလ၊ ပမညတ စတဲ့ နိုင်ငံရေးပါတီကြီးတွေက စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားတဲ့ အချိန်မှာ ကျောင်းသားတွေက ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ကြလို့ ဗိုလ်နေ၀င်းက အာဃာတ တရား ထားခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးကို ပညာရေး ၀န်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ခြင်း မပြုဖို့ တော်လှန်ရေး ကောင်စီက မေလ (၉) ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေမှာ ပါတဲ့ လုပ်ပိုင်ခွင့် အားလုံးကို တော်လှန်ရေး ကောင်စီက ကျင့်သုံးမှာ ဖြစ်ကြောင်းနဲ့ ကျောင်းသား တွေကို နှိပ်ကွပ်ချုပ်ချယ်တဲ့ ကျောင်းဆောင် စည်းကမ်းချက် (၂၂) ချက်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ မေလ (၁၀) ရက်နေ့ တက္ကသိုလ် ကောင်စီဝင်တွေကို ဗိုလ်နေ၀င်းက ဒဂုံရိပ်သာ မှာ ခေါ်ယူတွေ့ဆုံပြီး မူလတက္ကသိုလ် ကောင်စီကို ဖျက်သိမ်း လိုက်တဲ့ အကြောင်း ပြောဆို ကြေညာခဲ့လို့ ကျောင်းသားထုအတွင်း မကျေနပ်မှု ပိုမို များပြားခဲ့ပါတယ်။

မေလ (၂၇) ရက်နေ့ တက္ကသိုလ် ကောင်စီကို တော်လှန်ရေး ကောင်စီရဲ့  ကြေညာချက်အမိန့်  (၃၀) နဲ့ ထုတ်ပြန်တဲ့ အခါမှာ တက္ကသိုလ် ကျောင်းသားတွေ မပါဝင်ဘဲ စစ်အာဏာရှင် အရာရှိကြီးတွေနဲ့သာ ဖွဲ့စည်း ထားလို့  ကျောင်းသားများ ပေါက်ကွဲ ခဲ့ပါတယ်။ မေလ (၃၁) ရက်နေ့ မှာ ကျောင်းသားတွေနဲ့  ပြေလည်မှု ရှိတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာလှကို ရာထူးက ဖယ်ရှားလိုက်ပြီး ဗိုလ်နေ၀င်းရဲ့  ဆရာ သင်္ချာ ပါမောက္ခ ဦးကာ အား အစားထိုး ခန့် အပ်လိုက်ရာမှ အာဏာရှင်အစွယ် ဘီလူး ပေါ်ထွက်လာပါတော့တယ်။

အမှန်မှာ တက္ကသိုလ် အက်ဥပဒေအရ ပါမောက္ခချုပ် ရာထူး လစ်လပ်ရင် ပါမောက္ခတွေထဲက ယှဉ်ပြိုင် အရွေးခံ ခွင့်ရှိပြီး တက္ကသိုလ် ဘွဲ့ရ အသင်းဝင်တွေ လျှို့ဝှက် မဲပေးကာ ရွေးကောက် တင်မြောက်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ထုတ်ပြန်တဲ့ ပညာရေး စည်းကမ်းသစ် တွေဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အချက်အလက်တွေ များစွာ ပါရှိလို့ ကျောင်းသား တွေက ထောက်ပြပြီး ကန့်ကွက်မှု ပြုလုပ်လာခဲ့ပါတယ်။ တကသ အဖွဲ့မှ ပါမောက္ခချုပ် ရုံးကို တရားဝင် စာပေးပို့ခဲ့ပေမဲ့ ပြန်ကြားမှု တစ်ခုမှ မရခဲ့လို့ အုပ်ချုပ်ရေး အပိုင်းနဲ့ ကျောင်းသားများ အကြား တင်းမာမှု ပြင်းထန်လာ ခဲ့ပါတယ်။

တက္ကသိုလ် အဆောင် တံခါးတွေကို ည (၈) နာရီပိတ်မယ်၊ ဘယ်သူမှ အ၀င်အထွက် မလုပ်ရလို့ တင်းကြပ်စွာ တားမြစ်လိုက်ပြန်ရာ ကျောင်းသားတွေဟာ ဒေါသ ထွက်ကုန် ကြပါတယ်။ ဂျူလိုင် (၄) ရက်နေ့ ည (၉) နာရီမှာတော့ အဆောင်နေ ကျောင်းသားတွေ ကြွေးကြော် ကန့်ကွက် ဆန္ဒပြကြ ပါတော့တယ်။ ဂျူလိုင်လ (၅) ရက်နေ့မှာ ကျောင်းသားတွေက ပါမောက္ခချုပ်နဲ့ တွေ့ခွင့်ပေးဖို့ ပန်ကြားပေမဲ့ တွေ့ခွင့် မရတာကြောင့် အဆောင် တံခါးကို လူအင်အားနဲ့ တွန်းဖွင့်ပြီး လမ်းမတွေ ပေါ်ကို ထွက်လာကြပါတယ်။ ဂျူလိုင်လ (၆) ရက်နေ့မှာ တက္ကသိုလ် နယ်မြေကို ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဂျူလိုင်လ (၇) ရက်နေ့ မနက် (၁၁) နာရီမှာတော့ ကျောင်းသား ထု အစည်းအဝေး ကျင်းပပြီး ပုဒ်မ (၁၄၄) ကို ဆန့်ကျင် ကန့်ကွက်ခြင်း၊ မတရား ထုတ်ပြန်ထားတဲ့ စည်းကမ်းချက် (၂၂) ချက်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခြင်း၊ တက္ကသိုလ် ပရ၀ှဏ်အတွင်း စီတန်းလှည့်လည် ဆန္ဒပြခြင်း ပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းသားတွေ ဆန္ဒပြပွဲပြီးဆုံးချိန်မှာ လှည်းတန်း ဂါတ်တဲက ရဲကားတန်း တစ်ခု ရုတ်ချည်း ၀င်ရောက်လာပြီး အင်အား (၂၀၀) ခန့် သုံးကာ ကို ဗဆွေလေး နဲ့ ကိုသက် အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ပါတယ်။ ကျောင်းသားတွေနဲ့  ရဲတွေဟာ အဓိပတိ လမ်းပေါ်မှာ ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံ ကြပြီး ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ပစ်၊ နံပါတ် ဒုတ် တွေနဲ့ ရိုက်၊ ကျောင်းသားတွေက ရရာ ခဲတွေနဲ့ ပစ်ပေါက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။

သွေးသံရဲရဲနဲ့ ကျောင်းသားတွေကို တွေ့ရတဲ့ အခါ ကျောင်းသာထုဟာ ပိုမို နာကျည်းလာပြီး တောင်ငူဆောင်၊ ဒဂုံဆောင်၊ မန္တလေးဆောင် စတဲ့ ကျောင်းသားတွေက အင်အားထု ကြီးမားစွာ ပြန်လည် တုန့်ပြန်ရာ တိုက်ပွဲ ပြင်းထန်လာပြီး ရဲတွေက ဆုတ်ခွာပေးလိုက်ရပါတယ်။ စစ်အာဏာရှင် တွေဟာ အ၀ိုင်းလေး မှတ်တိုင်အနီးမှာ ဆွဲအားကောင်းတဲ့ အသံဖမ်းစက်နဲ့ လှုပ်ရှားမှု မှန်သမျှကို ဖမ်းယူပြီး မြန်မာ့အသံကွပ်ကဲမှု ရုံးကို စဉ်ဆက်မပြတ် သတင်းပို့ နေပါတယ်။


ဗဟို ကွပ်ကဲမှု နေရာက မြန်မာ့အသံမှာ ဖြစ်ပြီးဗဟိုလုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီး မောင်လွင်၊ ဗိုလ်မှူးကြီး ဘဦး၊ ရဲချုပ် ဦးဘအေး၊ ပါမောက္ခချုပ် ဦးကာတို့ ရှိနေကြပါတယ်။ အနီးကပ်ကွပ်ကဲမှု အဖွဲ့ မှာ သနက (၄) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်၊ စစ်အင်ဂျင်နီယာ တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး လှမြင့်၊ လက်ထောက် ရဲမင်းကြီး ဦးလှငွေတို့ ပါဝင်ပြီး အခြေအနေကို မပြတ် စောင့်ကြည့်နေ ကြပါတယ်။ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီး လည်း လှုပ်ရှားသွားလာ ညွှန်ကြားနေပါတယ်။

ညနေပိုင်းမှာတော့ စစ်ကားတွေ ရောက်ရှိလာကာ စစ်သားတွေဟာ ဂျာမနီ နိုင်ငံလုပ် BA (63) G3, BA (64) G4 မောင်းပြန် ရိုင်ဖယ်များ ကိုင်ဆောင်ပြီး တက္ကသိုလ်ဝင်း စာတိုက်မှ စ၍ အဓိပတိ လမ်းတစ်လျှောက်နဲ့ မန္တလေး ဆောင်ဝင်းဘက်ကို မျက်နှာမူ အသီးသီး နေရာယူ လိုက်ကြပါတယ်။ စာတိုက်ဝင်း ခြံစည်းရိုး အနီးမှာ ဒု ဗိုလ်မှူးကြီးစိန်လွင်အား ကျောင်းသား တချို့က တွေ့ ဆုံဆွေးနွေးခဲ့ပြီး ကျောင်းသားတွေက ဗိုလ်မှူးတို့ တပ်တွေ ကမာရွတ် ဂတ်တဲ အထိ ဆုတ်ခွာပေးပါလို့ လေပြေထိုး ပြောဆိုခဲ့ပေမဲ့ အထက် အမိန့်အရ လာတာ ဖြစ်လို့ ဆုတ်မပေး နိုင်ဘူးဟု ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားတွေကို လူစုခွဲဖို့နဲ့ သူငယ်ချင်း တွေကို ကိုယ့် အဆောင်ကို ပြန်ဝင်ခိုင်းဖို့  ဗိုလ် စိန်လွင် က ပြန်လည် ပြောဆိုပါတယ်။ ကျောင်းသားထဲက တချို့ဟာ သူတို့  အတွက် မရပ်တည်တဲ့ ပါမောက္ခချုပ် ဦးကာရဲ့ ကားနံပါတ် (စ - ၆၅၉) နဲ့ ကျောင်းပိုင်ကား (စ - ၆၂၀၃) တို့ကို လမ်းမ ပေါ်မှာ မီးရှို့ လိုက်ရာမှ တင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ တက္ကသိုလ် ရိပ်သာ လမ်းပေါ်ကစာတိုက်အနီးကို ဖီးယက် ကားတစ်စီး ရောက်ရှိလာပြီး ဗိုလ်စိန်လွင်ကို စာတစ်စောင် ပေးလိုက်ပါ တော့တယ်။ အဲဒီစာကတော့ ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်ခတ်ဖို့  “ပစ်မိန့် ” ပေးလိုက်တဲ့ စာဘဲ ဖြစ်ပါတယ်။

ဗိုလ်စိန်လွင်က တပ်မှူးတွေကို ခေါ်ယူပြီး ပစ်ရန် ညွှန်ကြားပါတော့တယ်။ အဲဒီနောက် G3, G4 မောင်းပြန် ရိုင်ဖယ်တွေနဲ့  တက္ကသိုလ် ၀င်းအတွင်းက ကျောင်းသားတွေကို သုံး မိနစ် ပစ်၊ နှစ် မိနစ် နား စနစ် နဲ့  အတွဲလိုက် ပစ်ခတ်ပါ တော့တယ်။ ဒဏ်ရာရ သေဆုံးသူ (၁၀၀) ၀န်းကျင် ရှိခဲ့ပြီး တက္ကသိုလ် နယ်မြေဟာ ဥဒါန်း မကြေစရာ “သွေးကြွေး” တင်ခဲ့လို့  ရန်ကုန်တက္ကသိုလ်ဟာ “ရန်ကျန် တက္ကသိုလ်” ဖြစ်ခဲ့ရပါတယ်။ စစ်ဘီလူးတွေဟာ အားမရ သေးဘဲ ဂျူလိုင်လ (၈) ရက် မနက် (၄) နာရီ ၀န်းကျင်မှာ စစ်အင်ဂျင်နီယာတပ်က ဗိုလ်မှူး ထွန်းရီ ဦးစီးပြီး တက္ကသိုလ် သမဂ္ဂ အဆောက်အအုံ ကြီးအား ဒိုင်းနမိုက် နဲ့ ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက်ပါတယ်။ (၇) နာရီ မှာတော့ ဗိုလ်နေ၀င်းက “ဓား ဓား ချင်း၊ လှံ လှံ ချင်း” စိန်ခေါ်တဲ့ မိန့် ခွန်းကို မြန်မာ့အသံမှ နားခါးစရာ ပြောကြား ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့  စပ်လျဉ်းပြီး ဗိုလ်နေ၀င်းနဲ့  ဗိုလ်အောင်ကြီး တို့ က “အိုကေ” ဆိုတဲ့ စကားလုံးနဲ့  သူလုပ်တယ် ငါလုပ်တယ်လို့ နောက်ပိုင်းမှာ အပြန်အလှန် စွပ်စွဲ ပြောဆိုခဲ့ကြပါတယ်။ ဗိုလ်နေ၀င်းဟာ ဗဟို ကွပ်ကဲမှု ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ကျော်စိုးအား သမဂ္ဂ အဆောက်အဦး ထဲမှာ ရှိတဲ့ ကျောင်းသားတွေကို ထွက်လာကြဖို့ အသံချဲ့ စက်နဲ့ ပြောကြားရန်၊ မထွက်လာရင် ရီကွိုင်လက် လက်နက်ကြီးနဲ့  ပစ်ဖမ်းမယ်လို့ ထည့်သွင်း ပြောကြားရန်၊ ညနေပိုင်း မမှောင်ခင် လုပ်ရန်နဲ့ လိုအပ်ရင် လက်နက်ကြီး သုံးဖို့ အမိန့် ပေးခဲ့တယ်လို့ သိရပါတယ်။ ရီကွိုင်လက် လက်နက်ကြီး ဟာ ပေါက်ကွဲမှု ပြင်းထန်တဲ့ စွမ်းအားရှိလို့  အဲဒီလက်နက်ကြီးနဲ့  ပစ်ရင် အဆောက် အဦး မခံနိုင်ဘဲ ပွင့်ထွက်ကာ မိုင်းဖောက်ခွဲတာနဲ့  စွမ်းအားအတူတူ ဘဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဦးအောင်ကြီး က ဆင်ဝှေ့ ရန်ရှောင် ရှင်းရာမှာ ဗိုလ်လှဟန်နဲ့ အတူ ဦးနေ၀င်း ထံကို သမဂ္ဂ အဆောက်အဦး ဗုံးခွဲမဲ့ ကိစ္စ တားဆီးဖို့ သွားတာလို့ ပြောပါတယ်။ ဖြစ်စဉ်အမှန်က ကွပ်ကဲမှု အဖွဲ့က ဗုံးခွဲဖို့ ဆုံးဖြတ်တာကို ဦးနေ၀င်းထံ အတည်ပြုပေးဖို့ သွားရောက် တင်ပြခဲ့တာဖြစ်ပြီး အဲဒီကိစ္စကို ဦးနေ၀င်းက အိုကေ ဆက်လုပ်ပါလို့ သဘောတူခဲ့လို့ ဦးအောင်ကြီး ကလည်း ကွပ်ကဲမှု အဖွဲ့ အား ညွှန်ကြား ပြောဆို ခိုင်းစေခဲ့တာဖြစ်ပါတယ်။ သမိုင်း တရားခံ သူတို့ နှစ်ဦးနဲ့  ကြံရာပါ စစ်ဘီလူးတွေ အားလုံးကြောင့် သမဂ္ဂ အဆောက်အဦးအတွင်းမှာ နားခို နေကြတဲ့ ဒဏ်ရာရ ကျောင်းသူကျောင်းသားမြောက်များစွာဟာ အဆောက်အဦးကြီးနဲ့  အတူ ပျောက်ကွယ် သွားခဲ့လို့  ရင်နင့်စရာ ကောင်းလှပါတယ်။

၁၉၆၃ ဂျူလိုင်လ (၇) ရက်နေ့မှာတော့ ဆဲဗင်းဂျူလိုင် တစ်နှစ်မြောက် အခမ်းအနားကို ပြုလုပ်ခဲ့ကြရာ ကျောင်းသားများအားလုံး မျက်ရည်ကျ ၀မ်းနည်း ဂုဏ်ယူကြပြီး ကျဆုံးသူများ အတွက် လွမ်းသူ့ ပန်းခွေ ချခဲ့ကြပါ တယ်။ မူလနေရာမှာ ယာယီ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖွင့်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်က စပြီး ကျောင်းသားတိုင်းရဲ့  ရင်ထဲ၊ နှလုံးသား ထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဆုံးဖြတ်ချက် ခိုင်မာစွာနဲ့ အမြစ်တွယ် ကိန်းဝပ် လာခဲ့ကြပါတယ်။ ကျောင်းသားတွေရဲ့  နုပျိုသစ်လွင် ရယ်မောသံတွေနဲ့ စည်ကားခဲ့တဲ့ ရန်ကုန် တက္ကသိုလ် ပရ၀ုဏ်ဟာ ယနေ့ဆိုရင် ခြောက်သွေ့ တိတ်ဆိတ်နေပြီး တက္ကသိုလ်တွေကို အဝေးကို လွှင့်ထုတ်ထားရတဲ့အထိ စစ်အာဏာရှင်တွေဟာ ကျောင်းသားတွေရဲ့ သတ္တိကို ကြောက်ရွံ့ တုန်လှုပ်ခဲ့ရပါတယ်။ ဆယ်စုနှစ်များ ချီပြီး ကြာမြင့်ခဲ့ပြီး ဖြစ်ပေမဲ့ ဒီအရေးအခင်းကို မမှီလိုက်တဲ့ မျိုးဆက်သစ် ကျောင်းသား လူငယ်တိုင်းဟာ လက်ဆင့်ကမ်း တကူးတက ပေးဝေငှလို့ မဟုတ်ဘဲ နှလုံးသားအသိလေ့လာမှု ကြောင့် ကိုယ်စီ၊ ကိုယ်စီ စစ်အာဏာရှင်ကို ဆန့်ကျင်ရမယ်ဆိုတဲ့ ခံယူချက် အလိုလို ပေါက်ဖွားလာခဲ့ကြပါတယ်။

ဒီဖြစ်စဉ်ကို သူတို့ ကျောင်းသား ဘ၀က ကြုံခဲ့ကြတဲ့ O.T.S ဗိုလ်သင်တန်း၊ အပတ်စဉ် (၂၉) ကျောင်းဆင်း အရာရှိတွေဟာ တပ်ရင်းမှူး ဖြစ်လာတဲ့ အချိန်မှာ အချင်းချင်း အလွတ်သဘော ဝေဖန် ဆွေးနွေးကြရာမှာ သမဂ္ဂအဆောက်အဦးကို မိုင်းခွဲဖို့ မလိုကြောင်း၊ သမဂ္ဂ အဆောက်အအုံက ဂျက်ထိုး ပိတ်ထားတဲ့ တံခါးမကြီးအား အင်အားသုံး ရိုက်ဖျက်ပြီး အတွင်းက ခိုလှုံနေကြတဲ့ ကျောင်းသားတွေကို ဖမ်းဆီးယုံဖြင့် သွေးထွက်သံယို နည်းပါးသွားမယ် ဖြစ်ကြောင်း၊ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်ကျော်စိုး တို့ မှာ လည်းတာဝန်ရှိပြီး အဲဒီတုန်းက ရီကွိုင်လက် နောက်ပွင့်လက်နက်ကြီး ဟာ ရှေ့တန်းမှာရောက်နေလို့ ရှာလို့ မရဖြစ်နေချိန်မှာ ကွပ်ကဲမှုပေးတဲ့ အရာရှိကြီးတွေ အနေနဲ့ အခြေအနေကို ထိမ်းသိမ်းဖို့၊ စီမံခန့်ခွဲဖို့၊ ပေါင်းစပ်ညှိနှိုင်းဖို့ ညံ့ဖျင်းကာ နှိပ်ကွပ်ဖို့ကိုဘဲ တာစူနေ ကြကြောင်း၊ ဗိုလ်စိန်လွင်ဟာ G3,G4 တွေကို တစ်တောင့်ချင်း အပေါ်ထောင်ပစ်ရုံနဲ့ ဖြေရှင်းရနိုင်ကြောင်း စသဖြင့် ကျဆုံးသွားတဲ့ သူငယ်ချင်းများကို တမ်းတ လွမ်းဆွတ်ရင်း သုံးသပ်ပြောဆို ဝေဖန်ခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံရေး လမ်းကြောင်းပေါ်မှာ မဟာ ကျောင်းသားတွေဟာ နိုင်ငံရေးပါတီ အဖွဲ့ အစည်း လောင်းရိပ်တွေ အောက်က ကင်းလွတ်ပြီး သီးခြား လွတ်လပ်တဲ့ အမျိုးသားနိုင်ငံရေး အင်အားစုကြီး တစ်ရပ်အဖြစ် ပေါ်ထွက်ခဲ့တဲ့ အပြင် ကျောင်းသားတွေရဲ့ စွန့်လွတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ အနစ်နာခံတဲ့ စိတ်ဓာတ်တွေဟာ အံ့မခန်း ဖြစ်ခဲ့ရ ပါတယ်။ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်း လက်တွဲပြီး ကြီးမားတဲ့ အမျိုးသား နိုင်ငံရေး လမ်းကြောင်းပေါ်မှာ ဆက်လက် ရပ်တည် ခဲ့ကြတာကို ဂုဏ်ပြုရင်း ရေးသား တင်ဆက်လိုက် ရပါတယ် ခင်ဗျား။

Source :

ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်းကောက်နုတ်ချက်များ

cncletterhead
Posted by Thawngsian Tung (CNC-Japan)

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ပြောဆိုခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်းကောက်နုတ်ချက်များ

၂၀၀၉ ခုနှစ်၊ ဇူလိုင် ၄ ရက်၊ ရန်ကုန်မြို့
လေးစားအပ်ပါသော သံအမတ်ကြီးများ၊ ဧည့်သည်တော်ကြီးများနှင့် လုပ်ဖော်ကိုင်ဖက်များ၊ လူကြီးမင်းများခင်ဗျာ

ယခုခရီးစဉ်ဟာ တနှစ်ကျော်ကာလအတွင်း ကျနော့်ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ် နှစ်ခုစလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ အချိန်များမှာ လာရောက်ခြင်းဖြစ်ပါတယ်

ကျနော့်ရဲ့ ပထမခရီးစဉ်ကတော့ ဆိုင်ကလုန်မုန်တိုင်း နာဂစ်တိုက်ခတ်ပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။ လူ့ အသက် ပေါင်းများစွာ သေကြေပျက်ဆီးပြီး ဒုက္ခပင်လယ် ဝေခဲ့ရတဲ့ အဲဒီုသဘာဝဘေးဒုက္ခကြီးဟာ တကကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံက လိုအပ်နေတဲ့ အချိန်မှာ ကမ္ဘာကြီးကလည်း ရက်ရက်ရောရော တုန့်ပြန်ခဲ့ပါတယ်။

မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေမှာ အံ့သြစရာကောင်းလောက်အောင် ကြိုးပမ်းအား ထုတ်ခဲ့ကြတဲ့အတွက် ယခုတက်ရောက်လာကြသူ အားလုံးကို ကျနော့် အနေနဲ့ အထူး ကျေးဇူးတင်ရှိပါတယ်။

လူကြီးမင်းတို့ဟာ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ကြ သူတွေ ဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ပြန်လည်ရရှိစေဖို့ ဆောင်ရွက်နိုင်ခဲ့ပြီး မုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ လူ့ အဖွဲ့ အစည်းကို ပြန်လည်ရှင်သန် နိုးကြားစေခဲ့ပါတယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

အာရှတိုက်သား တဦးအနေနဲ့ကော၊ အထွေထွေ အတွင်းရေးမှူးချုပ် အနေနဲ့ပါ ဆိုင်ကလုန်း နာဂစ်ရဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးကို ကျတော် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပါတယ်။

ကျွန်တော်ဟာ အာရှတိုက်ရဲ့ ဒုတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ ပထမ အထွေထွေ အတွင်းရေးမှူးချုပ်ကတော့ မြန်မာနိုင်ငံက ဦးသန့်ပါ။ ကျွန်တော်ဟာ ဦးသန့်ရဲ့ လုပ်ဆောင်ချက် တွေကို လေးစား ကြည်ညိုသူဖြစ်ပြီး သူ့ရဲ့ အမျှော်အမြင်ကြီးမားလှတဲ့ စကားတွေကိုလည်း ပြန်လည်အောင့်မေ့ မိပါတယ်။

ဦးသန့်က `လူသားတဦးရဲ့ တန်ဖိုးဟာ တန်ဖိုးထားအပ်သမျှ အရာအားလုံးထဲမှာ တန်ဖိုးအရှိဆုံး ဖြစ်ပြီး ကျွန်ုပ်တို့ အားလုံး ကြိုးပမ်းအားထုတ်မှုများရဲ့ အစလည်းဖြစ်သလို အဆုံးလည်းဖြစ်ပါတယ်။

အစိုးရများ၊ စံနစ်များ၊ အတွေး အခေါ် အယူအဆများနဲ့ အဖွဲ့အစည်းများဟာ ဖြစ်တည်ပြီး ပျက်ဆီးနိုင်ပါတယ်။ သို့ပေမယ့် လူသားမျိုးနွယ် ကတော့ ဆက်လက်တည်ရှိနေပါလိမ့်မယ်´ လို့ ပြောခဲ့ပါတယ်။

ကျနော် အခုလို ပြန်လည် လာရောက်ရခြင်းအကြောင်းရင်းက အဲဒါကြောင့်ပါ။

အထွေထွေအတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာပြည်သူတွေ သူတို့မျှော်လင့်တောင့်တ ပိုင်ခွင့်ရှိတဲ့ အရာတွေကို ရရှိနိုင် စေဖို့အတွက် အကူအညီပေးရမယ့် ကိစ္စဟာ အရေးအကြီးဆုံး လုပ်ငန်းတရပ်ဖြစ်ပါတယ်။

ကုလသမဂ္ဂဟာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ ကောင်းမွန်တဲ့ ဘ၀တွေနဲ့ လူ့ဂုဏ်သိက္ခာာရှိရှိ နေထိုင်နိုင်စေဖို့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နေခြင်းဟာ ရွေးချယ်ထားတဲ့ နည်းလမ်းတခုမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ တာဝန်ဝတ္တရားသာ ဖြစ်ပါတယ်။

အခု ကျွန်တော် မြန်မာနိုင်ငံကိုလာရောက်ခြင်းဟာ ကုလသမဂ္ဂက မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ မယိမ်းယိုင်တဲ့ သံန္နိဌာန်ကို ပြသဖို့အတွက်ဖြစ်ပါသည်။

ဒီနေ့ ကျနော် ဒီနေရာကနေ ပြောချင်တာကတော့ မြန်မာပြည်သူများခင်ဗျား ခင်ဗျားတို့ဟာ အထီးကျန်နေသူများ မဟုတ်ပါဘူး။

စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ခေတ်သစ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ ခင်ဗျားတို့နဲ့ အတူတကွ ကျနော်တို့လည်း ပါဝင်ချင်ပါတယ်။
ဆင်းရဲမွဲတေမှုကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် ခင်ဗျားတို့ကို ကျနော်တို့ ကူညီချင်ပါတယ်။

မြန်မာနိုင်ငံဟာ လေးစားထိုက်ပြီး တာဝန်သိတတ်တဲ့ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအဖြစ် နိုင်ငံတကာ အသိုင်းအ၀န်း ကြားမှာ ရပ်တည်လာနိုင်စေဖို့ ကျနော်တို့လည်း ခင်ဗျားတို့နဲ့ အတူ ဆောင်ရွက်ချင်ပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိစေဖို့အတွက် ကျနော် တို့လည်း ခင်ဗျားတို့နဲ့ အတူတကွ ဆောင်ရွက်ချင်ပါတယ်။

သို့ပေမယ့် ကျွန်တော်အလေးအနက်ထား ပြောချင်တာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း မရှိဘဲ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မရရှိနိုင်ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ချွင်းချက်မဟုတ်ပါဘူး။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

စိန်ခေါ်မှုတွေကတော့ အများအပြားရှိနေပါတယ်။ ဒါပေမယ့် အဲဒီ စိန်ခေါ်မှုတွေဟာ ဖြေရှင်းမရနိုင်တဲ့ အရာတွေတော့ မဟုတ်ပါဘူး။

ငြိမ်းချမ်းသာယာတဲ့၊ ဒီမိုကရေစီထွန်းကားတဲ့၊ ကြွယ်ဝချမ်းသာတဲ့ မြန်မာနိုင်ငံဖြစ်လာဖို့ ဆိုတာ အလွန်ရှုပ်ထွေးတဲ့ ဖြစ်စဉ်တခု ဆိုတာကို အတွေ့အကြုံတွေကတဆင့် ကျနော်တို့ သိရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဘယ် ပြဿနာရပ်မဆို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းနိုင်ခြင်း မရှိပါဘူး။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေးတွေဟာ တခုနဲ့တခု အပြန်အလှန် နီးကပ်စွာ ဆက်စပ်လျက်ရှိပါတယ်။

အဲဒီ ပြဿနာရပ်တွေကို တန်းတူအလေးထား ဖြေရှင်းဆောင်ရွက်ဖို့် ပျက်ကွက်တာဟာ ဒီမိုကရေစီ၊ အရှည်တည်တံ့ မယ့် ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာခြင်းတို့အတွက် အလားအလာတွေကို ဆိတ်သုဉ်းအောင် လုပ်နေသလို အန္တရာယ် ရှိပါတယ်။

ဒါပေမယ့် တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အမှန်တကယ် စိတ်ဆန္ဒ ရှိမည်ဆိုရင် အခက်အခဲအားလုံးကို ကျော်လွှားနိုင်မည်ကို ကျွန်တော်တို့လည်း သိရှိပါသည်။

ယနေ့အခါသမယတွင် မေးရမည့်မေးခွန်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် လူအခွင့်အရေးများကို အပြည့်အ၀လေးစားလိုက်နာရေးတို့အတွက် မြန်မာနိုင်ငံသည် အချိန်မည်မျှကြာကြာ စောင့် ဆိုင်းရန် တတ်နိုင်ပါသေးသနည်း။

နှောင့်နှေးကြန့်ကြာခြင်းအတွက် ပေးဆပ်ရမှုတွေကတော့ ပြည်သူတို့ရဲ့ ဘ၀တွေ အချည်းအနှီးဖြစ်ခြင်း၊ အခွင့်အလမ်း များ ဆုံးရှုံးခြင်းနဲ့ နိုင်ငံတကာအသိုင်းအ၀န်းက ကာလကြာရှည် ဖယ်ကျဉ်ထားခြင်းတို့ ဖြစ်ပါလိမ့်မယ်။

ကျနော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တဲ့ အချက်ကတော့ မြန်မာပြည်သူအားလုံးဟာ အမျိုးသားအကျိုးစီးပွား အတွက် လုပ်ဆောင်ရမည်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းကို ရွေးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေကို မနေ့ကတွေ့ဆုံစဉ်က ဒီအချက်ကို ကျနော် ပြောခဲ့ပါသေးတယ်။ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဒီအဖွဲ့အစည်းတွေက သံန္နိဌာန်ချ ဆောင်ရွက်ကြဖို့ ကျနော် တိုက်တွန်းခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဓိကတာဝန်ရှိသူကတော့ မြန်မာအစိုးရဖြစ်ပြီး တိုင်းပြည်ကို သူတို့ဖော်ပြထားခဲ့တဲ့ ရည်မှန်းချက် တွေဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရရှိရေးဆီကို ခေါ်ဆောင်သွားသင့်ပါတယ်။

ဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ မြန်မာပြည်သူတွေရဲ့ စွမ်းရည်တွေကို အပြည့်အ၀သိနားလည် စေခြင်းက တားဆီး ပိတ်ပင်ထားရာလည်း ရောက်ပါတယ်။

ဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းဟာ မြန်မာပြည်သူတွေကို လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်တဲ့ အခွင့်အရေး၊ ပိုမို ကျယ်ပြန့်တဲ့ လွတ်လပ်မှုနဲ့အတူ ကောင်းမွန်တဲ့ လူနေမှုအဆင့်အတန်း ရရှိစေဖို့ ငြင်းဆန်တာနဲ့ တူတူပါပဲ။

ဒီလို မူဝါဒ စည်းမျဉ်းများဟာ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းရဲ့ အခြေခံကြောရိုးဖြစ်ပြီး ဒီစာတမ်းရဲ့ ပထမဆုံးစကားလုံး ကတော့ `ကျွန်ုပ်တို့ ပြည်သူများသည်´ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ မြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီလို မြင့်မြတ်တဲ့ ဝေါဟာရကို ထပ်တူ ဖော်ပြထားခဲ့ပါတယ်။ ဒီ မူဝါဒစည်းမျဉ်းတွေကို မြန်မာနိုင်ငံရဲ့ အနာဂတ်မှာလည်း အသေအချာထည့်သွင်းထားဖို့ ကျနော်တို့ အတူတကွ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒီအချက်ကို အလေးအနက်ထားပြီး သတင်းစကားသုံးခုကို ကျနော် သယ်ဆောင်လာခဲ့ပါတယ်။

ပထမသတင်းစကားကတော့ လူသားရဲ့ ဂုဏ်သိက္ခာကို လေးစားခြင်းဟာ ဘယ် ရပ်ဒေသမှာမဆို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုတင်လိုအပ်ချက်တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂရဲ့ ပထမဦးဆုံး အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုကို လေးစားလိုက်နာခြင်းဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှု များအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ် ဆိုတာကို အားလုံးရဲ့ သဘောဆန္ဒနဲ့ အဲဒီကြေညာချက်က အာမခံထားပါ တယ်။

ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ အဲဒီကတိက၀တ်က လက်တွေ့လုပ်ဆောင်ချက်နဲ့ ကိုက်ညီမှု မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ သူတို့ရဲ့ ရည်ရွယ်ချက်တွေအဖြစ် တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး တွေကို ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပါတယ်။

လာမည့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အများလက်ခံ ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲတခုဖြစ်ချင်ရင် အဖွဲ့အစည်းအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့၊ အများပူးပေါင်းပါဝင် လုပ်ဆောင်နိုင်ဖို့ ထင်သာမြင်သာရှိဖို့ ဆောင်ရွက် ပေးရပါမယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်လမ်းကြောင်းဟာ လူအခွင့်အရေးကို လေးစားလိုက်နာမှုအပေါ်မှာ အခြေတည်ရပါမယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို အချိန်မဆွဲဘဲ ပြန်လည် လွှတ်ပေးသင့်တယ်လို့ ကျနော် ပြောဆိုနေခြင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့တဲ့ မနေ့ကနဲ့ ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့ ကျနော် တောင်းဆိုခဲ့ပါတယ်။ သူက ငြင်းဆန်လိုက်တဲ့အတွက် ကျနော် အလွန်အမင်း စိတ်ပျက်ခဲ့ပါတယ်။

မြန်မာ့ နိုင်ငံရေး ခေတ်သစ်တခု ပွင့်လန်းလာစေမယ့် သူတို့ရဲ့ သံန္နိဌာန်ကို ပြသဖို့ အကောင်းဆုံး အခွင့်အလမ်းတခုကို မြန်မာအစိုးရ လက်လွှတ်ဆုံးရှုံးခဲ့ပြီလို့ ကျနော် ယုံကြည်ပါတယ်။

၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ယုံကြည်ထိုက်ခြင်း ရှိမရှိဆိုသည့်အချက်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးတဲ့အပေါ်မှာမူတည်ပါတယ်။ ဒီအချက်ဟာ မရှိမဖြစ်အရေးကြီးတဲ့၊ အစိုးရရဲ့ အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသရမယ့် အရေးကြီးသင်္ကေတ တခုဖြစ်ပါလိမ့်မယ်။

နောက်ထပ် အချိန်ဆွဲမနေဘဲ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ပါဝင်ဆောင်ရွက်ခွင့် ပေးဖို့ ခွင့်ပြု ရပါမယ်။

အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံသားအားလုံးကို ဤတိုင်းပြည်၏အနာဂတ်အကျိုးအတွက် အပြည်အ၀ ပံ့ပိုးကူညီ ဆောင်ရွက်ပိုင်ခွင့် ပေးရပါမည်။

ဒီလို ပံ့ပိုးကူညီချင်သူ အားလုံးနဲ့ လွတ်လွတ်လပ်လပ်၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင်နိုင်ခြင်း မရှိဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိနိုင်မှာ မဟုတ်ပါဘူး။

သက်ဆိုင်ရာ ပါတီတွေအားလုံး၊ တိုင်းရင်းသားအုပ်စု အားလုံးနဲ့ လူနည်းစု လူမျိုးအားလုံးပါဝင်တဲ့ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တခုကို မြန်မာနိုင်ငံက စတင်အကောင်အထည်ဖော်ဖို့ လိုပါတယ်။

ပြည်သူတွေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လွတ်လပ်စွာ ပါဝင်ငြင်းခုံပိုင်ခွင့် ရှိရပါမယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်ထဲ မှာ မြန်မာပြည်သူတွေ အဓိပ္ပာယ်ရှိရှိနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုတဲ့ သတင်း အချက်အလက် တွေကို လွတ်လပ်စွာ ရယူခွင့်ရှိရပါမယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

အသွင်ကူပြောင်းတဲ့ ကာလတိုင်းဟာ ခက်ခဲပါတယ်။ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် ဘုရင်နိုင်ငံမှသည် အသိမ်းပိုင်ခံ ကိုလိုနီနဲ့ ယခုအခါ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် အသွင်ကူပြောင်းရေးကာလများကို ကြုံတွေ့ခဲ့ဖူး ပြီးဖြစ်ပါတယ်။

ဒီသမိုင်းကြောင်းဟာ လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးထွက်ပေါက်မရှိခြင်းဆိုတဲ့ အမွေနှစ်ရပ်ကို သယ်ဆောင် ခဲ့ပါတယ်။ နိုင်ငံရေး ထွက်ပေါက်မရှိခြင်း ဆိုတာဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေကို ဖိနှိပ်မှု၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်မှုနဲ့ ဒီနေ့အချိန်အထိ ဆက်လက်ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နှင်းမှု စတဲ့ မကြာသေးခင်က စိတ်ထိခိုက်စရာကောင်းလှတဲ့ ဖြစ်ရပ်တွေ ပါဝင်ပါတယ်။

တချိန်တည်းမှာပဲ အသိအမှတ်ပြုသင့်တဲ့ အပြုသဘောကြိုးပမ်းအားထုတ်မှုတချို့လည်း ရှိခဲ့ပါတယ်။

ခိုင်မြဲခြင်းမရှိသေးပေမယ့် အစိုးရနဲ့ လက်နက်ကိုင်အုပ်စုတွေအကြား အပစ်အခတ် ရပ်ဆဲရေး သဘောတူညီချက် တွေဟာ ပဋိပက္ခတွေကို လျော့ပါးစေခဲ့ပါသည်။ ဒီလို ရလဒ်တွေ နောက်ကြောင်းပြန် မသွားစေဖို့ လုပ်ဆောင်ရာမှာ ကုလသမဂ္ဂဟာ အတွေ့အကြုံအများအပြားရှိခဲ့ပါတယ်။

အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေကို လေးစားခြင်းနဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးဆိုတာဟာ အစိုးရတိုင်းရဲ့ တရားမျှတတဲ့ စိုးရိမ်မှုတွေဖြစ်ပါတယ်။

နိုင်ငံရေးမျက်နှာစာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးမယ် ဆိုရင် အုပ်စုတိုင်း၊ လူတဦးချင်းတိုင်းဟာ ပိုမိုကြီးမားတဲ့ အားလုံး စုပေါင်းလုပ်ဆောင်တဲ့ လုပ်ငန်းတခုရဲ့ အစိတ်အပိုင်းဖြစ်လာမှာဖြစ်ပြီး ဒီလို လုပ်ဆောင်ခြင်းဟာလည်း အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ကျနော်တို့ အခိုင်အမာပြောချင်ပါတယ်။

စစ်တပ်၊ နိုင်ငံရေးပါတီအားလုံး၊ တိုင်းရင်းသား လူနည်းစုတွေ၊ လူထုအခြေပြုလူ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံရဲ့ သားကောင်း သမီးကောင်းတိုင်း တိုင်းပြည်ရဲ့ အသွင်ကူပြောင်းရေးမှာ အခန်းကဏ္ဍတရပ်က ပါဝင်ရပါမယ်။

အပြန်အလှန် အပေးအယူ ညှိနှိုင်းခြင်း၊ လေးစားခြင်းနဲ့ နားလည်မှုရှိခြင်း တို့ကသာလျင် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်း ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် အခြေခံအုပ်မြစ်များကို ချပေးနိုင်ပါတယ်။

ကျနော့်ရဲ့ ဒုတိယသတင်းစကားကတော့ မြန်မာပြည်သူတွေရဲ့ လူသားချင်းစာနာထောက်ထားတဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လုပ်ဆောင်ခဲ့တဲ့ တိုးတက်မှုတွေကို တခေါက် ပြန်လည်လာရောက်ကြည့်ရှုခွင့်ရ တဲ့အတွက် ကျနော် ၀မ်းသာပါတယ်။ လူပေါင်း ၁၃၀၀၀၀ လောက် သေကြေခဲ့တဲ့ ဆုံးရှုံးမှုကြီးဟာ အလွန်ဝမ်းနည်း ကြေကွဲစရာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒီနေ့ ကျနော် မြင်တွေ့ခဲ့ရတဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဟာ အံ့သြစရာ ကောင်းလှပါတယ်။

ဒီ ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်ဟာ မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်စွမ်းအားကို ပြသခဲ့ပါတယ်။ ဒါ့ အပြင် ကမ္ဘာတလွှားမှာရှိတဲ့ ပြည်သူတွေကလည်း မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဂရုစိုက်တယ် ဆိုတာကို ဒီဖြစ်ရပ်က ပြသခဲ့ပါတယ်။

ခြုံပြောရမယ် ဆိုရင် ဆိုင်ကလုန်း နာဂစ် သဘာဝဘေးဒုက္ခအပေါ် အရေးယူတုန့်ပြန် ဆောင်ရွက်မှုဟာ အထီးကျန် ဖြစ်နေခြင်းကို ကျော်လွှားနိုင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ တန်ဖိုးကို သက်သေပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အလှူရှင်နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ မြန်မာနိုင်ငံ၊ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းကြီးတို့ရဲ့ သုံးပွင့်ဆိုင် အဖွဲ့ကတဆင့် အရင်က မရှိခဲ့ဘူးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တွေ့ရပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့ အလွန်အရေး ကြီးသောလုပ်ငန်းတွေဟာ အချုပ်အခြာအာဏာဆိုတဲ့ စည်းမျဉ်းသဘောတရားနဲ့ ဆန့်ကျင်ခြင်း မရှိဘူး ဆိုတာကို ပြသခဲ့ပါတယ်။

တခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံကိုပေးတဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေဟာ နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားမှုတွေမှာ ဓားစာခံမဖြစ်သင့်ပါဘူး။ လူသားချင်းစာနာတဲ့ အထောက်အပံ့နဲ့ ဖွံ့ဖြိုးရေး အထောက်အပံ့ တို့ကို မြန်မာနိုင်ငံက လိုအပ်နေတဲ့ ပြည်သူအားလုံး ရရှိနိုင်စေဖို့ ကျနော်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင် သွားနိုင်ပါတယ်။ တကယ်လည်း ပူးပေါင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီအချက်ဟာ ကျနော့်ရဲ့ တတိယမြောက် သတင်းစကားကို သယ်ဆောင်ဖို့ ဖြစ်စေခဲ့ပါတယ်။ ခုအချိန်ဟာ မြန်မာ နိုင်ငံအတွက် စီးပွားရေးစွမ်းအင် တွေကို လွတ်လပ်စွာ အစွမ်းကုန် မောင်းနှင်ရတော့မယ့် အချိန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ စီးပွားရေးစန်းပွင့်မှု အလယ်မှာ ရှိနေပါတယ်။ နိုင်ငံရဲ့ ပတ်လည်က အလျင်အမြန် တိုးတက်နေတဲ့ လမ်းကြောင်းထဲ မြန်မာနိုင်ငံကို ထိန်းကျောင်းမောင်းနှင်သွားမယ်ဆိုရင် ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြင့်မားလာမယ့် အသေချာဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။

ပြင်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ဖွင့်လှစ်ပေးတဲ့ မြန်မာအစိုးရရဲ့ မူဝါဒကို ကျွန်တော်ကြိုဆိုပါ တယ်။ ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးမှုရည်မှန်းချက်တွေ အောင်မြင်ပြည့်မီစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ၊ HIV ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးတွေ၊ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးနဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု လျှော့ချ ရေးတို့မှာ အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုလည်း ကြိုဆိုပါတယ်။

ဒါပေမယ့် လက်တွေ့ဖြစ်ရပ်မှာ ပြည်သူသန်းပေါင်းများစွာ ဆင်းရဲမွဲတေမှုထဲ ဆက်လက်နေထိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းဟာ အာရှတိုက်၏အနိမ့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

မြန်မာပြည်သူတွေဟာ အလုပ်အကိုင်နဲ့ အစားအစာအတွက်၊ လုံခြုံမှုနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ အတွက် လိုအပ် နေပါတယ်။

မြန်မာပြည်သူတွေဟာ ဒေသတွင်းနဲပ ကမ္ဘာ့ စီးပွားရေးက အကျိုးအမြတ်တွေ ရရှိခံစားနိုင်သလို ပံ့ပိုးကူညီမှုတွေ လုပ်နိုင် စေဖို့ ကျနော်တို့ အတူလက်တွဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

တည်ငြိမ်ပြီး ကြွယ်ဝချမ်းသာတဲ့ ဒီမိုကရက်တစ်မြန်မာနိုင်ငံကနေ ဒေသတွင်းနိုင်ငံတွေနဲ့ ကမ္ဘာကြီးက အကျိုးကျေးဇူး များ အများအပြားရရှိနေမယ့် အချက်ကို ကျွန်တော်တို့ အသိအမှတ်ပြုကြရမှာ ဖြစ်ပါတယ်။ ဒီ ရည်မှန်းချက်ကို ရရှိရေး အတွက် ကျနော်တို့ အတူ လက်တွဲ လုပ်ဆောင်ကြရပါမယ်။

မြန်မာအစိုးရအနေနဲ့ ဒီအချိန်အခါ သမယကို လက်လွတ်မခံဘဲ အမိအရ ဆုတ်ကိုင်ရပါမယ်။

နိုင်ငံတကာအသိုင်းအ၀န်းက မြန်မာပြည်သူတွေကို ကူညီဖို့အတွက် ကမ်းလှမ်းလာမယ့် အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ရပါမယ်။

ကြွရောက်လာကြတဲ့ လူကြီးမင်းများခင်ဗျာ -

ကျွန်တော်ဟာ မိတ်ဆွေတယောက်အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျနော့်ရဲ့ တာဝန်က ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းပါ စံနှုန်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းစောင့်ရှောက် ဖို့ ဖြစ်ပါတယ်။

အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအုပ်စုတွေ၊ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေဟာ နိုင်ငံတနိုင်ငံ၊ ပြည်သူ တရပ်အသွင်နဲ့ အနာဂတ်ခရီးလမ်းကို အတူတကွချီတက်နိုင်စေဖို့ ခင်ဗျားတို့အားလုံးကို အားပေးတိုက်တွန်းဖို့က ကျနော့်ရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကွဲပြားခြားနားမှုတွေရဲ့ အထက်မှာ ထားနိုင်မယ်ဆိုရင် မဖြေရှင်းနိုင်တဲ့၊ မဖြစ်နိုင်တဲ့ အရာ ဆိုတာ ရှိမှာ မဟုတ်တော့ပါဘူး။

ဒေသတွင်းနဲ့ ကမ္ဘာကြီးက လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ မြန်မာနိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ခြင်းကနေ အကျိုး အမြတ်ရရှိဖို့ ရပ်တည်ရပါလိမ့်မယ်။ မိမိနိုင်ငံရဲ့ အပြောင်းအလဲတွေကနေ အကျိုးအမြတ်ရရှိဖို့ ဆောက်ရွက် ရပါလိမ့် မယ်။

ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ မြန်မာနိုင်ငံ နိုင်ငံခြားရေးမူဝါဒရဲ့ အရေးကြီးတဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်လို့ မြန်မာအစိုးရက ထပ်ခါတလဲလဲ ဖော်ပြခဲ့ပါတယ်။

မြန်မာအစိုးရနေနဲ့ စကားနဲ့ အလုပ်ညီညွတ်စေဖို့ ကျနော်တို့ ပြောလိုပါတယ်။

နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေနဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်လေလေ နိုင်ငံရဲ့အချုပ်အချာအာဏာက ပိုမို ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ်။

အဲဒီလိုပဲ မြန်မာပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးတွေကို အပြည့်အ၀ လေးစားလိုက်နာရင်း စည်းလုံးညီညွတ်တဲ့၊ ငြိမ်းချမ်းတဲ့၊ ကြွယ်ဝချမ်းသာတဲ့၊ ဒီမိုကရေစီအနာဂတ်ဆိုတဲ့ ကျနော်တို့ အားလုံးရဲ့ ရည်မှန်းချက်တွေကို မြန်မာ ပြည်သူတွေ ရရှိစေဖို့ အကူအညီပေးခြင်းဟာ နိုင်ငံတကာ အသိုင်းအ၀န်းတခုလုံးရဲ့ တာဝန်ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Source :

Saturday, July 4, 2009

မြန်မာခရီးစဉ် ဘန်ကီမွန်း စိတ်ပျက်

cncletterhead
Posted by Thawngsian Tung (CNC-Japan)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၂ ရက်ကြာ ခရီးစဉ် အဆုံးသတ် သွားပေမယ့် သူတွေ့ဆုံဖို့ ရည်ရွယ်ထားတဲ့ မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။ ဒီအတွက် သူ့အနေနဲ့ စိတ်ပျက်မိကြောင်းနဲ့ ဒါဟာဆိုရင် မြန်မာ့နိုင်ငံရေး အတွက် နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတလှမ်း အဖြစ် အတွင်းရေးမှူးချုပ်က ပြောဆို လိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ ကြားဝင်ဖြန်ဖြေပေးဖို့ ၂ ရက်ကြာ ခရီးစဉ် ဒီကနေ့ အဆုံးသတ်ချိန် ရန်ကုန် အင်းစိန်ထောင်မှာ ထိန်းသိမ်းပြီး တရားစွဲဆိုတာခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တော့ တွေ့ခွင့် မရခဲ့ပါဘူး။ စစ်အစိုးရရဲ့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အဓိကအတိုက်အခံ နိုင်ငံရေး ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ အပါအ၀င် နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့ တွေ့တာဆုံတာတွေ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရည်ရွယ်ထားသလို တွေ့ခွင့်မရခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း သူ့အနေနဲ့ စိတ်ပျက်မိတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ပြောလိုက်တာပါ။

"ကျနော် အတော့်ကို စိတ်ပျက်မိပါတယ်။ ဒါဟာဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်မယ့် နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးနဲ သင့်မြတ်ရေး အတွက် တစိုက်မတ်မတ် လုပ်နေပါတယ် ဆိုတာနဲ့ ပတ်သက်လို့ သူတို့ဖက်က ပြသနိုင်မယ့် အခွင့်အလန်းတခု ဆုံးရှုံးခဲ့တာလည်း ဖြစ်ပါတယ်။"

ဒါဟာဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက် နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတလှမ်း ဖြစ်တယ် ဆိုပြီးတော့လည်း အတွင်းရေးမှူးချုပ်က ပြောခဲ့တာပါ။ အကျယ်ချုပ်နဲ့ ဖမ်းဆီးထားချိန် ကန့်သတ်တားဆီးထားတဲ့ အမိန့်ကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံလိုပေမယ့် စစ်အစိုးရကတော့ ဒီလို တရားတဘောင် ရင်ဆိုင်နေရတာမို့ တရားခွင်ရဲ့ လုပ်ငန်းတွေကို အနှောက်အယှက်ဖြစ်မှာ စိုးလို့ဆိုပြီး ငြင်းပယ် လိုက်တာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ တိုင်းပြည်က ပြဿနာတွေကို ပြေလည်အောင် ညှိနှိုင်းပေးဖို့လာတဲ့ ကုလသမဂ္ဂ အကြီးအကဲကို ဒီလို တွေ့ဆုံခွင့် မပြုတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကျိုးပမ်းမှုတွေကို လက်မခံတဲ့ သဘောပဲလို့ ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ဆိုလိုက်ပါတယ်။

"ကျနော်တို့ကတော့ ဒီလို မတွေ့ဖြစ်တာ၊ တွေ့ဖို့ ခွင့်မပြုတာဟာ ကျနော်တို့ လက်ရှိ အစိုးရ အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို မလိုလားဘူး၊ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေကို ထိခိုက်စေတဲ့ ဆုံးဖြတ်ချက်ပဲလို့ ကျနော်တို့ အဲဒီလို ပြောချင်ပါတယ်။"

အတွင်းရေးမှူးချုပ်ကတော့ အခုခရီးစဉ်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ အစိုးရနဲ့ အတိုက်အခံကြား တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ပေါ်ဖို့နဲ့၊ စစ်အစိုးရက ကမကထ လုပ်ပြီး ရှေ့နှစ်ထဲ ကျင်းပပေးဖို့ရှိတဲ့ ရွေးကောက်ပွဲတွေ လွတ်လွတ်လပ်လပ် မျှမျှတတ ဖြစ်စေဖို့ စတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ သောကြာနေ့နဲ့ စနေနေ့ ၂ ရက်ကြာ ခရီးစဉ် အချိန်အများစုဟာတော့ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ကုန်ဆုံးခဲ့တာဖြစ်ပြီး၊ အဲဒီမှာ စစ်အစိုးရ အကြီးအကဲ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံခဲ့တာလို့ ရန်ကုန် ကုလသမဂ္ဂရုံးက ပြောပါတယ်။

"ဒီ ၂ ရက် ခရီးစဉ်မှာ မနေ့ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ၂ နာရီ နီးနီး တွေ့ခဲ့တယ်ပေါ့နော်။ တွေ့ခဲ့ပြီးတော့ နောက်တခါ နိုင်ငံရေးပါတီ ၁၀ ခု၊ နောက်တခါ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ ည ကျတော့ ၀န်ကြီးချုပ်နဲ့ အလုပ်သဘော ညစာ စားပွဲ တက်ရောက်ပါတယ်။ ဒီနေ့ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ နောက်တကြိမ် ပြန်တွေ့ပါတယ်။ တွေ့ပြီးတော့ အခု ရန်ကုန်မှာ ခဏ နားပြီးတော့ မြစ်ဝကျွန်းပေါ်ကို သွားကြတယ်ခင်ဗျ။ ကျုံဒါး ကျေးရွာ ဆိုတာကို ရောက်ခဲ့ပါတယ်။ အခု အဲဒီကနေ ပြန်လာပြီးပါပြီ ခင်ဗျ။"

ရန်ကုန် ကုလသမဂ္ဂရုံးက ပြန်ကြားရေး အရာရှိ ဦးအေးဝင်း ဖြစ်ပါတယ်။ တကယ်တော့ ကုလသမဂ္ဂ အကြီးအကဲ တဦးအနေနဲ့ မြန်မာနိုင်ငံက ပြဿနာတွေနဲ့ ပတ်သက်လို့ ကြားဝင် ဖြန်ဖြေမယ့် ခရီးစဉ်အတွင်း ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံဆွေးနွေးခွင့် ရမှာသာ ဒီခရီးစဉ် အနှစ်သာရ ရှိလိမ့်မယ်လို့ အကဲခတ်တွေက တွက်ဆနေကြတာပါ။ ဒီလိုမှ မဟုတ်ရင်တော့ အောင်မြင်မှု ရှိတဲ့ ခရီးစဉ်အဖြစ် သတ်မှတ်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုနေကြတာမို့ အန်အယ်လ်ဒီ ပါတီရဲ့ သဘောထားကို မေးကြည့်ပါတယ်။

"တခုလုံးကို အောင်မြင်တယ်၊ မအောင်မြင်ဘူး တော့ ကျနော်တို့ လောလောဆယ် မှတ်ချက် မပြုနိုင်ပါဘူး။ သူ့ခရီးစဉ်က လိုအပ်ချက် အပြည့်အစုံ လုပ်ခွင့်မရဘူး ဆိုတာပဲ ပြောနိုင်ပါတယ်။ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ ဘာတွေ ဆွေးနွေးပြီး ဘာတွေ ပြောတယ် ဆိုတာ ကျနော်တို့ သိဖို့ လိုမယ်လေ။ ကျနော်တို့ အခုအခြေအနေမှာ ဘာမှမသိဘူး။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရတာ ကတော့ ဒါ ထိခိုက်မှုတခုပဲလို့ပဲ ပြောချင်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ ခရီးစဉ် အဆုံးသတ် အဖြစ်နဲ့ကတော့ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ အပါအ၀င် မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ထဲတုန်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း လေဘေး ကယ်ဆယ်ရေး လုပ်ငန်းမှာ အကူအညီပေးကြတဲ့ နိုင်ငံတကာက အလှူရှင်တွေနဲ့ တွေ့ဆုံစကားပြောပြီး ညနေပိုင်း ရန်ကုန်မြို့ကနေ ထိုင်းနိုင်ငံကို ထွက်ခွာဖို့ရှိပါတယ်။ ဒီနောက်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ တရပ်လုပ်ပြီး သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ပြောဆိုသွားမယ်လို့လည်း ဆိုပါတယ်။

Source :

Wednesday, July 1, 2009

စစ်အစိုးရကို ဖိအားပေးဖိုႛ ကုလအတငြ်းရေးမြးခဵပ်ြကို တိုင်းရင်းသားအဖြဲႚတိုက်တနြ်း

cncletterhead
Posted by Thawngsian Tung (CNC-Japan)

အမဵြိးသားဒီမိုကရေစီအဖြဲႚခေၝင်းဆောင် ဒေၞအောင်ဆန်းစုကည်နဲႛ ညီင်္ီတ်ြသော တိုင်းရင်းသားမဵား မဟာမိတ်အဖြဲႚ UNA ခေၝင်းဆောင် ဦးခန်ြထနြ်းဦးတိုႛနဲႛ တြေႚဆုံဆြေးြေိံးရေး စတင် လုပ်ဆောငိုံင်ဖိုႛအတကြ် စစ်အစိုးရကို ဖိအားပေးဖိုႛ တိုက်တနြ်းထားတဲ့ စာတစောင်ကို UNA အဖၾဲႚက ကုလသမဂၢ အတၾင္းေရးမႀႃးခဵႂပ္ဆီကို လိပ္မူ ေပးပိုႛခဲ့တယ္လိုႛ သိရပၝတယ္။

ကုလသမဂ္ဂ အတငြ်းရေးမြးခဵပြ် ဘန်ကီမနြ်း။ (Photo: AFP)

NLD ခေၝင်းဆောင် ဒေၞအောင်ဆန်းစုကည်နဲႛ UNA ခေၝင်းဆောင် ဦးခန်ြထနြ်းဦးတိုႛဟာူမန်မိာိုံင်ငံရေး အေဴဖရႀာဖိုႛ စစ္အစိုးရနဲႛအတူ ေဆၾးေႎၾးပၾဲမႀာ ပထမဦးဆံုး ပၝဝင္သင့္သူေတၾ ဴဖစ္တဲ့အတၾက္သူတိုႛကို ခ႗င္းခဵက္မရႀိ အဴမန္ဆံုး လၿတ္ေပးဟာ အလၾန္အေရး႒ကီးတယ္လိုႛ ယုံကည်ေုကာင်း UNA ရဲ့ စာမြာ ဖော်ူပထားပၝတယ်။

ဒီစာနဲႛ ပတ္သက္လိုႛ UNA အဖၾဲႚ ေဴပာခၾင့္ရသူ ဇိုမီး အမဵိႂးသားကၾန္ဂရက္စ္က ဦးပူကဵင္ရႀင္းထန္က အခုလုိ ေဴပာဴပပၝတယ္။

ဦးပူကဵင်ရငြ်းထန်။ ။ “အဲဒီစာကတော့လေ၊ ကဋ္ဋန်တော်တိုႛ တိုင်းရင်းသားတြေ လိုခဵင္တာက တကယ္လိုႛူမန်ူမန် လ္ဘာပီးတော့ အဲဒီဥင်္စာ ကဋ္ဋန်တော်တိုႛ ဒေၞအောင်ဆန်းစုကည်က စ္ဘပီးတော့ အခိုံင်ငံရေးအရ ထိန်းသိမ်းထားတဲ့ လူတြေ အားလုံးလတ်ြဖိုႛ။္ဘပီးတော့ တိုင်းရင်းသားထဲမြာလည်းပဲ ခန်ြထနြ်းဦးကစ္ဘပီးတော့ ကဵန်တဲ့ အဖမ်းဆီးခံတဲ့လူတြေ အားလုံး လၿတ္ဖိုႛ အဲဒၝေတၾပဲ က႗န္ေတာ္တိုႛ တင္ဴပတာပၝ။”

UNA ရဲ့ ပေးစာဟာ ကုလသမဂ္ဂ အတငြ်းရေးမြးခဵပ်ြရဲ့ အထူးကိုယ်စားလယြ်ူမန်မိာိုံင်ငံ ခရီးစဉ်ကာလအတငြ်း အခဵိန်ကိုက် ပေးပိုႛခဲ့တာူဖစ်္ဘပီး ကုလသမဂ္ဂ အတငြ်းရေးမြးခဵပ်ြရဲ့ လုပ်ငန်းစဉ်တေနြဲႛ ပတ်သက်လိုႛလည်း အူပည့်အဝ ယုံကည်ေုကာင်းလည်း ဖော်ူပထားပၝတယ်။

ဒီပေးစာမြာူမန်မိာိုံင်ငံရဲ့ ႟ပ်ြထြေးတဲိုံ့င်ငံရေးအေူခအနေဟာ အာဏာမက်မောသူ စစ်အစိုးရ ထိပ်တန်း ခေၝင်းဆောင်တြေေုကာင့် တနေႛတူခား ဆိုးဝၝးလာနေတယ်လိုႛလည်း ဖော်ူပထားပၝတယ်။

ဒၝေုကာင့်ူမန်မာိုံ့င်ငံရေး အေူခအနေေူပလည်ဖိုႛိုံင်ငံရေးအကဵဉ်းသားအားလုံး ခဋ္ဋင်းခဵက်မရြိ အူမန်ဆုံး လတ်ြပေးဖိုႛနဲႛ စစ်အစိုးရ ဒေၞအောင်ဆန်းစုကည် ခေၝင်းဆောင်တဲ့ ဒီမိုကရေစီအဖြဲႚတြေ၊ ဦးခန်ြထနြ်းဦး ခေၝင်းဆောင်တဲ့ တိုင်းရင်းသား အဖၾဲႚနဲႛ တြေႚဆုံဆြေးြေိံးရေး စတင္ဖိုႛ စစ္အစိုးရကို နားခဵေပးေစလိုတယ္လိုႛ တိုက္တၾန္းထားပၝတယ္။

UNA အဖၾဲႚဟာ ဴမန္မာ့ႎုိင္ငံေရး ေဴပလည္ဖိုႛနဲႛ သုံးပငြ့်ဆိုင် ဆြေးြေိံးရေး အကောင်ထည်ဖော်ပေးဖိုႛ အရင်ကလည်း ကုလသမဂ္ဂ အတငြ်းရေးမြးခဵပ်ြဆီကို အိတ်ဖငြ့်စာ ေပးဖိုႛခဲ့တဲ့အဖၾဲႚ ဴဖစ္ပၝတယ္။

ဒီစာနဲႛ ပတ္သက္လိုႛ အေုကာင်းအရာ အသေးစိတ် သိႎုိင္ဖိုႛ UNA အဖၾဲႚေဴပာခၾင့္ရသူ ဇိုမီး အမဵိႂးသားကၾန္ဂရက္စ္က ဦးပူကဵင္ရႀင္းထန္ကို RFA ဝိုင်းတော်သား ကိုကေဵာ်မင်းထနြ်းက ဆက်သယ်ြမေူးမန်းထားပၝတယ်။

Audio file download