
Posted by Thawngsian Tung (CNC-Japan)

ကန်နမ်- Kang Nam လို့အမည်ရတဲ့ မြောက်ကိုရီးယား ကုန်တင်သဘောင်္ဟာ နယူးကလီးယား လက်နက်ကို သယ်ဆောင်ပြီး မြန်မာနိင်ငံကို ဦးတည်ခုတ်မောင်းနေတယ်လို့ အေပီသတင်းဌာနကဖေါ်ပြထားပါတယ်။ ဒီသဘောင်္နောက်ကနေပြီး အမေရိကန် ရေတပ်စစ်သဘောင်္ တစ်စင်းကလည်း ကပ်ရက် လိုက်ပါစောင့်ကြည့်အကဲခတ်နေပါတယ်။ မြောက်ကိုရီးယားသဘောင်္က တရားမ၀င်တဲ့ လက်နက်တွေကို သယ်ဆောင်လာမှုဟာ ကုလသမဂ္ဂရဲ့ အရေးယူဆောင်ရွက်ထားမှုတွေကို အာခံလိုက်ခြင်းဖြစ်ပါတယ်။ အလားတူပဲ နအဖ စစ်အစိုးရကိုလည်း အမေရိကန်နဲ့ ဥရောပနိင်ငံတွေက စီးပွားရေးပိတ်စို့ ဒဏ်ခတ်ထားပါတယ်။ မြောက်ကိုရီးယား သဘောင်္က မြန်မာ ပြည်ကို စင်္ကာပူကနေတဆင့် လာခြင်းဖြစ်ပါတယ်။ စင်္ကာပူကနေ အ၀င်မခံတဲ့အတွက် မြန်မာ ပြည်ကို ဦးတည်ခုတ်မောင်းနေပါတယ်။ ဆီနိတ်တာဂျွန်မက်ကိန်းကတော့ မြောက်ကိုးရီးယား ရဲ့ ခွင့်ပြုချက်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သဘောင်္ပေါ်ကို တက်ရောက်ရှာဖွေ သင့်တယ်။ ဒါမှာ အမေရိကန်ကိုခြိမ်းခြောက်နေတယ်ဆိုတာကို ဖေါ်ထုတ်နိင်မယ်လို့ ဆိုပါတယ်။ တိုက်ဆိုင်မှုကတော့ မြောက်ကိုးရီးယား ကုန်တင်သဘောင်္နောက်က ကပ်လိုက်နေတဲ့အမေရိကန် စစ်သဘောင်္ နာမည်ကတော့ မက်ကိန်းဖြစ်ပါတယ်။ ၂၀၀၈ ခုနစ်က သမတလောင်း အဖြစ်အရွေးခံခဲ့တဲ့ ဆီးနိတ်တာ ဂျွန်မက်ကိန်း ရဲ့ အဖိုးကို ဂုဏ်ပြု ပြီးပေးထားတဲ့နာမည်လို့ သိရပါတယ်။ သူအဖိုးက ရေတပ်ဗိုလ်ချုပ်ကြီးတဦးဖြစ်ခဲ့ပါတယ်။
source :